ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ကနေဒီတောင် စခန်းကို စစ်ကောင်စီက ယနေ့ (ဇွန်လ ၁၈ရက်) နံနက်တွင် ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ် ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာအတွင်းက ချင်းပြည်နယ်၊မြောက်ပိုင်းရှိ ကနေဒီတောင်ကို PDF-Zoland က သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ နံနက်တွင် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ “ဒီနေ့မနက်ပိုင်းမှာ စကစ(စစ်ကောင်စီ)နဲ့ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီကပြန် ထိန်းချုပ် သွားတာပါ”ဟု ချင်းတော်လှန်ရေး သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ကနေဒီတောင်ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက အင်အား ၁၀၀ဖြင့် ဇွန် ၁၅ ရက်က ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ကနေဒီတောင်ရှိ စစ်ကောင်စီစခန်းကို ၂၀၂၃ နိုဝင်ဘာ၂၁ရက် PDF-Zolandက တိုက်ခိုက်သိမ်းပြီးခဲ့ပြီး စစ်ကောင်စီတပ်သား ၁၃ ဦးကို ဖမ်းမီကာ ၃ ဦးကို အသေရရှိခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်