စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကောလင်းမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို PDF များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်)ကယနေ့ထုတ်ပြန်သည်။

နိုဝင်ဘာလ (၈) ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ ကောလင်းမြို့ ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် အင်အား (၂၀၀) ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ယနေ့ နိုဝင်ဘာလ (၁၀) ရက်၊ နံနက် (၈)နာရီ မိနစ်(မိနစ်၄၀)ခန့်က ကန့်ဘလူ မြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက်တွင် ပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်များက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား (၈၀) ဦးကျော်ခန့် သေဆုံးခဲ့ပြီး (၂၀) ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတေ(PDF)၊ (စစ်ရုံးချုပ်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ၎င်းတပ်ထံမှ လက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသည်။ “သေတဲ့​ကောင်​တွေအများကြီးပဲ။​ပြေးမိ​ပြေးရာ ထွက်​ပြေးသွားတဲ့​ကောင်​တွေလဲ အများကြီး။လက်နက်​တွေလဲ အများကြီးပဲရတယ်။ ” ဟုရှေ့တန်းသတင်းရင်းမြစ်ကဖြေကြားထားသည်။ ထိုစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် PDF လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed