ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မြောက်ကိုရီးယားနဲ့ တိုးမြှင့် ပူးပေါင်းဆောင်ရွက်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောလိုက်ပါတယ်။ မော်စကိုမြို့တော်ကို ရောက်နေတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆန်ဟွေးနဲ့ ဇန်နဝါရီ ၁၆ ရက်က သီးသန့် တွေ့ဆုံဆွေးနွေးရာမှာ ပူတင်က ပြောလိုက်တာလို့ ရုရှားသမ္မတရုံး ပြောခွင့်ရသူ ဒီမီထရီ ပက်စကော့ဗ်က ပြောပါတယ်။

ဝန်ကြီး ချိုးဆန်ဟွေးက တဆင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းအတွက် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားနဲ့ လက်ဆောင်ပေးအပ်ခဲ့ကြောင်းလည်း ပက်စကော့ဗ်က ဆိုပါတယ်။ ချိုးဆန်ဟွေးကလည်း ကင်ဂျုံအန်းရဲ့ နွေးထွေးတဲ့ နှုတ်ခွန်းဆက်စကားတွေ ပူတင်ကို လက်ဆင့်ကမ်းပေးခဲ့တယ်လို့ ပက်စကော့ဗ်က ပြောပါတယ်။ နှစ်နိုင်ငံ ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ အညီ မြောက်ကိုရီးယား-ရုရှား မဟာဗျူဟာမြောက် ချစ်ကြည်ရေးနဲ့ ဆက်ဆံရေး အထွတ်အထိပ်ရောက်ဖို့ ကြိုးစားသွားမယ်လို့ ကင်ဂျုံအန်းက နှုတ်ခွန်းဆက်စကား ပါးခဲ့ပါတယ်။


ဗလာဒီမာ ပူတင်ကလည်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးနဲ့ ချစ်ကြည်ရေးဟာ ဒေသတွင်းသာမက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အာမခံချက် ပေးနိုင်မှာမို့ အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်သွားကြဖို့ နှုတ်ခွန်းဆက်စကား ပြန်ပါးခဲ့ကြောင်း ရုရှားသမ္မတ ရုံးပြောခွင့်ရသူ ဒီမီထရီ ပက်စကော့ဗ်က ပြောသွားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed