ကရင်ပြည်နယ်တွင် ယခုနှစ် ၆ လတာတိုက်ပွဲများအတွင်း စစ်တပ်မှ တပ်ရင်းမှူး ၅ ဦး၊ ဒုရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး၊ ဗိုလ် ၄ ဦး၊ အရာခံဗိုလ် ၅ ဦး အပါအဝင် စုစုပေါင်း စစ်သား ၂၆၃၂ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၆ လအတွင်း ကေအဲန်ယူ− ကရင်အမျိုး သား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDOတို့၏ စစ်ရေးကွပ်ကဲမှု အောက်ရှိ ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၂၄၉၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး ၅ ဦး၊ ဒုရင်း မှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး၊ ဗိုလ် ၄ ဦး၊ အရာခံဗိုလ် ၅ ဦး အပါအဝင် စုစုပေါင်း စစ်သား ၂၆၃၂ ဦးသေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ဒုရင်း မှူးတစ်ဦး အပါအဝင် စုစုပေါင်း ၁၆၈၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ် များက စစ်ဆင်ရေးအတွက် အသုံးပြုသော မော်တော် ယာဉ် ၉၉ စီး ရှင်းလင်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲများအတွင်းတွင် K.N.L.A ၊ K. N.D.O ပူး ပေါင်းတပ်ဖွဲ့မှ ရဲဘော် ၇၆ ဦး တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ရပြီး ၂၅၇ ဦး ထိ ခိုက် ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲများ နေ့စဉ် မပြတ် ဖြစ်ပွားလျက်ရှိကြောင်း၊ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ စစ်ရာဇဝတ်မှုများနှင့် လူ့အ ခွင့် ရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးကိုကျုးလွန်နေသောကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေများ အ တွင်း စစ်ဘေးရှောင်ဦးရေ ၅၉၉၄၀၀ ဦး ထိရှိပြီး စစ်ဘေးရှောင်ပြည်သူလူထုများမှာ အခက်အခဲများစွာ ရင်ဆိုင်ကြုံနေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

Source: Maung News

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed