စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းက အိမ်ခြေ တစ်ထောင်ခန့်ရှိတဲ့ ပြည်တော်သာကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် မေလ ၁ ရက် မနေ့ညနေပိုင်းက နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက Tongsan Media ကို ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ ကလေးမြို့ နယ်တော်လှန်ရေး ပူးပေါင်းတပ်တို့ ဧပြီလ ၃၀ ရက်နေ့နဲ့ မေလ ၁ ရက် နေ့တွေမှာ ပြည်တော်သာကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားရာကနေ နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေးမြို့ မြောက်ပိုင်းက ဒေသခံတွေ ထွက်ပြေးကြတာကြာပါပြီ။ အခု ပြည်တော်သာရွာကို စကစ က စစ်ကြောင်းထိုးတာ ဒရုန်းနဲ့လည်းလာတိုက်တော့ ကျွန်မတို့လည်း ထွက်ပြေးတာ သုံးရက်လောက်ရှိပြီ။ ရွာနားက ယောကျ်ားတွေက စောင့်ကြည့်နေတာက လွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး” ပြည်တော်သာကျေးရွာက ဒေသခံတွေအားလုံး ထွက်ပြေးနေရတာကြောင့် လူနေအိမ် ဘယ်လောက် မီးရှို့ခံရ တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ ကလေးမြို့ မြောက်ပိုင်းမှာ ဧပြီလ ၅ ရက်နေ့ကစလို့ ရွာခြောက်ရွာက လူနေအိမ် ခြောက်ရာကျော် မီးရှို့ခံထားရပြီး ဒေသခံ ရှစ်ထောင်ကျော် ထွက် ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး အကူအညီ ပေးနေတဲ့သူတွေက ပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed