ကလေးမြို့နယ် မြောက်ပိုင်း သာယာကုန်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတို့ မေလတွင်ဝင်ရောက်လာပြီး ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းကိုမီးရှို့ပြီး ဘုရားကျောင်း ၄ ကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

သာယာကုန်းကျေးရွာ Salem နှစ်ခြင်းအသင်းတော်ဘုရားကျောင်းနဲ့ ကွာတာအိမ်မီးရှို့ခံရပြီး Zion Baptist Church, Penial AG Church, Bethzatha Baptist Church, Logos AG Church များ လက်နက်ကြီးထိမှန်လို့ ပျက်စီးခဲ့ပါတယ်။ ဒါ့ပြင် ရွာထဲက လူနေအိမ် ၄၅ လုံးကိုလည်း စစ်ကောင်စီ တို့က မီးရှို့ဖျက်ဆီးပြီး အိမ်ထဲက ပစ္စည်းတွေဖောက်ထွင်းလုယူသွားကြတယ်လို့သိရတယ်။

ဧပြီလနောက်ဆုံးပတ်ကစပြီး ကလေးမြို့မြောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့လို့ ညောင်တော၊ ဆည်ကြီး၊ မော်စီ၊ ပျဉ်းခုံကြီး၊ ငှက်ပျောတော၊ ဟံသာ၊ ယောက်ချိုကွင်း၊ မိုင်နွဲ့၊ ပြည်တော်သာ၊ နန်းချောင်း၊ ပျဉ်းခုံလေး၊ သာယာကုန်း၊ စမိတ်ကွင်း၊ ကြိုးကြာကွင်း၊ လက်ပံချောင်းကျေးရွာက ပြည်သူ သောင်းချီဟာ ယနေ့ချိန်ထိ ဘေးလွတ်သို့ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတို့ စစ်ကြောင်းထိုးတဲ့နေရာတွေမှာ မိုင်းတွေထောင်ထားလို့ ရွာထဲဝင်လာတဲ့ပြည်သူတွေ မကြာခဏ မိုင်းနင်းမိလို့ သေဆုံး၊ ဒဏ်ရာရရှိသူတွေရှိပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်