August 4, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း ၊ ကလေးမြို ၊ တောင်ဖီလာရပ်ကွက် ရှိ အထက (၂) ကျောင်းရှေ့၌ ဩဂုတ် ၃ ရက်‌‌‌နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်နှင့်ကားများ စစ်ဆေးကာ ငွေကြေး တောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့များအား အသင့် စောင့်ကြို နေသည့် ကာကွယ်ရေးတပ်ဖွဲ့တွေမှ ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ကျည်ထိမှန် ဒဏ်ရာရခဲ့သည်ဟု မျက်မြင်သက်သေ ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်များသည် ကလေးမြို့တွင် လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များအား နေ့တိုင်းလိုလို စစ်ဆေးမှုပြုလုပ်ကာ ငွေကြေးတောင်းခံမှုများ မကြာခဏ ပြုလုပ်လေ့ရှိသောကြောင့် ဒေသခံများအပြင်ထွက်လျှင် စိုးရိမ်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

“စစ်သား‌‌‌ေတွက နောက်တန်းဘက်မှာ ကားရော ဆိုင်ကယ်ရော စစ်နေတာ ပြီးတော့ ပိုက်ဆံတောင်းတယ်။ အဲမှာ ရွာဘက်ပြန်မယ့် skat ကားတစ်စီးကို စစ်သားတွေက စစ်ဆေးပြီး‌‌ေတာ့ သူတို့ ပစည်းတွေရော ထုတ်ခိုင်းတယ် အဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်သားတွေကို စပစ်တယ်။ ပစ်ခတ်သံကြားတော့ အဲကားလည်း အမြန်ထွက်ပြေးပြီးတော့ ကားပေါ်က ပစည်းတွေလဲ လမ်းတလျှောက်မှာ ပြန့်ကျဲသွားတယ်။ ပြီးတော့ အဲမှာ စစ်သားတစ်ယောက် ပိုက်မှာပစ်ခံရတော့ သေသွားတယ်။

Source: People’s Spring

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed