စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ဒိုးဝိုင်းချောင်းကျေးရွာထဲတွင် မကြာသေးခင်ကတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ဒီနေ့မနက် ၄နာရီဝန်းကျင်တွင် နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကလေးမြို့ထဲက စစ်ကောင်စီအမြောက်တပ်မှ လည်းလက်နက်ကြီးများဖြင့် ပစ်ကူခဲ့ကြောင်းသိရပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒိုးဝိုင်းချောင်းကျေးရွာထဲက လူနေအိမ်တချို့ ပျက်စီးခဲ့ပြီး ဦးဆွင်းလမ့်ပေါင်ရဲ့သား မောင် မုန်ဆောမ်းဆန် (Tg Mung Sawm Sang) ၄နှစ်အရွယ်ကလေးတစ်ယောက် ထိခိုက်သေဆုံးကာ ၃ယောက် ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ပြီးနောက် စစ်ကောင်စီတပ်စွဲထားတဲ့အနီးမှာရှိတဲ့ Pa Huam Lian Thanga အသက်က ၄၀ ဝန်းကျင်လည်း သေဆုံးကြောင်းသိရတယ်။

သေဆုံးသွားသော မောင်မုန်ဆောမ်းဆန်မှာ သေနတ်သံလက်နက်ကြီးသံတွေကြောင့် ၎င်းတို့နေတဲ့အိမ်ထက်ပိုမို လုံခြုံမယ်ထင်ထားရသော အိမ်ဘေးက နံကပ်အိမ်တွင် ဝင်ရောက်ပုန်းခိုရန် အသွားမှာ အိမ်ဘေးသို့ရောက်ချိန်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရပါတယ်။ မောင်မုန်ဆောမ်းဆန်ဟာ ဦးခေါင်းမှာတချက်ထိပြီး ရင်ပတ်မှာနှစ်ချက်ထိခိုက်ကာ ဆေးရုံခေါ်သွားပြီး အသက်ဆုံးရုံးခဲ့ရတယ်လို့သိရပါတယ်။ သေဆုံးသူရဲ့မိခင်နဲ့အစ်မမှာလည်းဒဏ်ရာရရှိပြီး မိခင်ဖြစ်သူမှာ နောက်ကျောတွင် ဒဏ်ရာနှစ်ချက် အစ်မဖြစ်သူမှာ လက်မောင်းမှာ ဒဏ်ရာတစ်ချက် လက်မောင်းရိုးကျိုးသွားတယ်လို့သိရပါတယ်။

“ခေါင်းမှာတော့အပြင်းထန် ဒဏ်ရာရထားတယ်။ ရင်ဘတ်တွေမှာလဲ ဒဏ်ရာတွေနဲ့ ပြီးတော့သူ့မိခင်ရဲ့နောက်ကျောမှာ ဒဏ်ရာချက်ရထားတယ်။ သူ့အစ်မကတော့လက်မောင်းရိုးကျိုးသွားတယ်။ အခုသူတို့ကိုဆေးရုံမှာပို့ထားတယ်။ အိမ်ကထွက်သွားတဲ့အချိန်မှာဘေးအိမ်ကိုကြည့်လိုက်တော့အိမ်ခေါင်မိုးတွေပျက်စီးနေတာတော့တွေ့လိုက်တယ်။ စိတ်ပူတာရယ်ကြောက်လန့်နေရတာရယ်ကြောင့် ဘယ်ကိုမှမကြည့်ဖြစ်တော့ဘူး။ လူကပျာယာတွေခတ်နေတယ်လေ” လို့သေဆုံးသူနဲ့နီးစပ်သူတစ်ယောက်ထံမှသိရပါတယ်။

ယနေ့မနက်ပိုင်းက ဒိုး၀ိုင်းချောင်းအနီးတွင် စစ်ကောင်စီတပ် နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ကူကာ လူနေရပ်ကွက်ထဲကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ဒေသခံတစ်ယောက်ကတော့ “စကစတွေကင်းချတဲ့နေရာက ရပ်ကွက်ထဲလူနေအိမ်ရှေ့မှာဆိုတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသိပ်ပြီးလှုပ်ရှားရတာ အဆင်မပြေဘူးနဲ့တူတယ်” လို့ ဒေသခံတစ်ဦးထံမှ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒိုးဝိုင်းချောင်းအပြင် ညောင်တော၊ ဟံသာ၊ ဌက်ပျောတော၊ ပျဉ်းခုံကြီး၊ပြည်တော်သာကျေးရွာနဲ့ လက်ပံချောင်း ကျေးရွာတို့မှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီက လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် လက်ပံချောင်းကြီးရွာထဲရှိ သတ္တမနေ့ (SDA) အသင်းတော်ရဲ့ဘုရားကျောင်းထိခိုက်ပျက်စီးခဲ့ပြီး သင်းအုပ်ဆရာလဲ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed