August 19, 2023 | Tongsan Media Group |

တမူးမြို့နယ် ကလေး တမူးအမြန်လမ်းမဘေး ဘုက္ကန်ကျေးရွာ (Zohmun khua) ရွာအနီးတွင် ဩဂုတ် ၁၈ ရက်နေ့ ည ၈ နာရီခွဲ တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဩဂုတ် ၁၈ ရက် ညနေ ၃ နာရီခွဲလောက်ကစပြီးညနေ ၅ နာရီထိ မလူ ကျောက်မီးသွေးလမ်းခွဲတွင် စခန်းချတဲ့ စစ်ကောင်စီတပ်ကို CNDF, PDF (Thado), NLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ မလူကျောက်မီးသွေးလမ်းခွဲဟာ ဘုက္ကန်ကျေးရွာနဲ့ ၃မိုင် ခမ်းပတ်မြို့နဲ့ ၇ မိုင်ကွာဝေးပါတယ်။

ဘုက္ကန်ကျေးရွာသားတစ်ဦးက “ စစ်ကောင်စီတပ်ဘက်ကရှုံးလို့ လေကြောင်းပစ်ကူလှမ်းတောင်းတာထင်တယ်။ ပြည်သူတွေ တစ်ယောက်မှထိခိုက်ဒဏ်ရာရရှိတဲ့သူမရှိဘူး။ ကျနော်တို့ ဘုက္ကန်ရွာသားတွေနဲ့ မလူကျေးရွာပြည်သူ စုစုပေါင်း ၅၀၀ ကျော်က အိန္ဒိယနိုင်ငံ, မဏီပူရ်ပြည်နယ်မှာ ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ကြတယ်။ သူတို့အစိုးရ ကျနော်တို့ကိုလက်မခံပေမယ့် ရွာသားတွေက ကျနော်တို့ ကူကီး (ချင်း)တွေပဲဆိုတော့ သူတို့ လူမျိုး၊ ဘာသာမရွေး ကြိုဆိုလက်ခံပေးကြတယ်။ ဒီမနက်တော့ တိုက်ပွဲမရှိပေမယ့် သေနတ်ပစ်ဖောက်ပြီး ခြောက်လန့်နေကြတာတော့ရှိတယ်”လို့ပြောပါတယ်။

Source: People’s Spring

Translated: Tongsan Media Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed