October 15, 2023 || Tongsan Media Group ||

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် အကြမ်းဖက် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၁၆ ဦးသေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၁၂ တပ်ရင်း ၃၃၅ စစ်သားများ လူအင်အား ၃၀ ကျော်ဖြင့် ပြည်သူ ၁ ဦး ဖမ်းဆီးကာ လမ်းပြ ပြုလုပ်ခိုင်းပြီး MNDAA တပ်ဖွဲ့ရှိရာကို ရောက်ရှိလာစဥ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ညနေ ၃ နာရီ ၅ မိနစ်ခန့် အထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ အရာရှိများ အပါအဝင် ၁၆ ဦး သေဆုံးကာ စစ်သားများ တပ်ပျက်ပြီး လက်နက်များ စွန့်ပစ် ထွက်ပြေးကာ MNDAA တပ်ဖွဲ့ဝင်များက လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း MNDAA တပ်ဖွဲ့ဝင်များက သေနတ် ၁၀ လက် ၊ ၆၀ မမ ပစ်အမြောက် ၁ လက် ၊ လက်ပစ် အမြောက် ၁ လက် ၊ ကျည်ဘောက် ၁၄ ခု ၊ ကျည်ဆန် ၂၁၈ တောင့် ၊ အသံလွှင့်စက် ၁ လုံး ၊ လက်ကိုင်ဖုန်း ၁ လုံး ၊ ဂြိုလ်တုဖုန်း ၁ လုံး နှင့် အခြား ထောက်ပံ့ရေးပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed