ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သော ချင်း​တော်လှန်​​ရေးတပ်ဖွဲ့မှ ရဲဘော်များ ရှေ့တန်းပြန်လာစဉ် ပြည်သူလူထုက ​အောငိသ​ပြေဖြင့် ကြိုဆိုခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ ၊ မင်းတပ် (CDF-Mindat) သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ယနေ့(မေလ ၆ရက်) ထုတ်ပြန်သည်။

တိုက်ပွဲမှပြန်လာသည့် ရဲဘော်များအား မေလ ၅ ရက်တွင် လူထုက​အောင်သ​ပြေများ၊ပန်းများ ၊​ ဖျော်ရည်များတိုက်၍ ကြိုဆိုခဲ့ကြသည်ကို မှတ်တမ်းပုံများတွင်​တွေ့ရသည်။ “နွေးထွေးစွာကြိုဆိုပေးကြသည့်ပြည်သူများအား ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)မှအထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါပါသည်” ဟု (CDF-Mindat) သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှ စစ်ကောင်စီစခန်းကို ၂၀၂၃ ဒီဇင်ဘာလ ၂၃ ရက်မှာ CDF ကန်ပက်လက် ၊ PDF ဂန့်​​ဂေါခရိုင်တပ်ရင်း ၊မင်းဘူးခရိုင်တပ်ရင်း​​တွေစတဲ့ ​တော်လှန်​ရေးတပ်​​တွေကစတင်တိုက်ခိုက်ခဲ့သည်။ ၂၀၂၄ မတ်လ ၇ ရက်တွင် ချင်းညီနောင်စစ်ဆင်ရေး အဖြစ် ချင်းညီ​နောင်တပ်ဖွဲ့များ ၊အာရက္ခတပ်​တော် နှင့် ​တော်လှန်​ရေး ပူး​ပေါင်းတပ်များက ထိုးစစ်ကိုအရှိန်မြှင့် တိုက်ခိုက်ခဲ့သည်။ ဧပြီလ ၂၉ရက်တွင် မြို့အားသိမ်းပိုက်ရရှိကြောင်း ချင်းညီနောင်အဖွဲ့က မေလ၁ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းမှ အင်အားအများအပြားပို့ခဲ့သလို လေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်ခဲ့သည်။ စစ်ကောင်စီဘက်မှသေဆုံးမှုများသလို အရှင်ဖမ်းမိထားသူ ၂၀ ​ကျော်ရှိခဲ့​ကြောင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးရာခန့်သည် စခန်းစွန့်ခွာ၍ ​တောအတွင်းထွက်ပြေးသွား၍ ​တော်လှန်​ရေးတပ်များက လိုက်လံတိုက်ခိုက်ရှင်းလင်းနေ​ကြောင်း CDF-Mindatစစ်ဒေသမှူးနိုင်းတမ် ကပြောသည်။

ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ၌ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့သလို အာရက္ခတပ်တော်(AA)ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းနှင့် အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းCDF-Mindatစစ်ဒေသမှူးနိုင်းတမ် က လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားထားသည်။

“တော်လှန်ရေးအတွက်ရဲရဲဝံ့ဝံ့အသက်ပေးခဲ့ကြတဲ့ အာရက္ခသားကောင်းစစ်သည်တွေ၊ ချင်းနဲ့ဗမာစစ်သည်တော်တွေကို အလေးပြုပါတယ်။ရဲဘော်တို့ရဲ့သွေးကြွေးအတွက် ကျန်ခဲ့တဲ့သူတွေ ဆက်လက်တိုက်ပွဲ ဝင်နေကြပါတယ်”ဟု ၎င်းကပြောကြားထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed