July 25, 2023 || Tongsan Media Group ||

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာမှာ ဇူလိုင်လ ၁၉ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၄၁ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ အမျိုးသား ညီညွှတ်ရေး အစိုးရ- NUGက ဒီကနေ့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ နံဇ ကျေးရွာဟာ ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးမှာ ရှိတာဖြစ်ပြီး ရန်ကုန်မြို့နဲ့ မိုင် ၁၀၀ ကျော်သာ ကွားဝေးတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဇူလိုင်လ ၁၉ ရက်၊ ည ၁၁ နာရီခန့်က ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာ အနီး စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီး အင်အား ၄၀၀ ခန့်က စစ်ကြောင်း ၂ ကြောင်းဖြန့် ဝင်ရောက်လာရာက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒီလို စစ်ကြောင်းခွဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း၂ ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF ၊ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဗိုလ်ကြီးအဆင့် အပါအဝင် ၃၃ ဦး သေဆုံးကာ တပ်ရင်းမှူး အပါအဝင် ၄၈ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ NUG ကပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦးအနက် ၂၀ ဦးကို အတွင်းလူနာအဖြစ် တောင်ငူဆေးရုံမှာ ကုသနေပြီး ဒဏ်ရာ ပြင်းထန်တဲ့ စစ်သား ၈ ဦး ထပ်မံ သေဆုံးခဲ့တာကြောင့် စုစုပေါင်း ၄၁ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း KNLA/PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တစ်ဦး ကျဆုံးကာ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ နံဇ ကျေးရွာ အနီးတစ်ဝိုက်မှာ တိုက်လေယာဥ်နဲ့ ခြိမ်းခြောက် ပျံသန်းမှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

Ref: Meakong

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed