July 27, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့တွင် နေအိမ် စိတ်မချ၍ ပြန်လာသည့် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ခမ်းပတ်မြို့ရှိ နေအိမ်ကို စိတ်မချ ၍ ပြန်လာကြည့်သည့် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ် လိုက်ကြောင်း၊ ယင်းသို့ ပစ်သတ်ပြီးနောက် ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က မီးစတင် ရှို့ကြောင်း သိရှိရသည်။

“အိမ်ကိုစိတ်မချလို့ အိမ်ပြန်လာတဲ့ စစ်ဘေးရှောင် ပြည်သူတစ်ဦးကို စစ်တပ် က ပစ်သတ်လိုက်တယ်။ ဘယ်သူဆိုတာတော့ မသိရသေးဘူး။ မနေ့ည ၇ နာရီ ခွဲက ဖြစ်တာ။ သူ့အိမ်သူပြန်တာတောင်အသတ်ခံရတယ်။ ပြီးတော့ နေရာ တော် တော်များများကိုလည်း မီးတင်ရှို့နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ခမ်းပတ်မြို့တွင် စစ်တပ်နှင့် PDF တပ်များက မျက်နှာချင်းဆိုင် စစ်ဆိုင်ထားပြီး စစ်တပ်ကလည်း လေယာဉ်များဖြင့် ပစ်ခတ်ခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းများ တောက်လျှောက်ဆိုသလို လုပ်ဆောင် နေ ကြောင်း၊ ခမ်းပတ်မြို့တွင် တိုက်ပွဲအတွင်း ကျည်ထိမှန်သေဆုံးသူ ပြည်သူ များရှိနေကြောင်း သိရှိရသည်။

“နှစ်ဖက်က စစ်ဆိုင်ထားတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ ခမ်းပတ်မြို့ ရဲစခန်းကို PDF တွေက စတိုက်ကတည်းက စစ်ဆိုင်နေတာ။ တိုက်ပွဲကတော့ အချိန် မရွေးဖြစ်နိုင်တယ်။ စစ်ခွေးတွေက အိမ်တွေမီး ရှို့တာ ဗုံးတွေကျဲတာမရပ်ဘူး။ အခြေနေတွေငြိမ်မှ ဘယ်နှစ်အိမ် ကျန်တယ်။ ဘယ်နှစ်ယောက်သေတယ် ဆိုတာ အတိကျသိရမယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ ပိတ်မိနေ တဲ့ လူတွေ လည်း သေကြပြီလားမသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။

Source: Khit Thit Media

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed