စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ၊ အမှတ် ၅ ရပ် ကွက်ရှိ ခရစ်ယာန် ဘုရား ရှိခိုးကျောင်းကို ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ စစ်ကောင်စီက A5 တိုက်လေ ယာဉ်ဖြင့် ပေါင်၂၅၀ ဗုံးဆယ်လုံးကျော် ကျဲချခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ပြည်သူ ရုပ်အလောင်း၂၀ ဦးခန့် သေဆုံးပြီး အရပ်သား အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

” ဒါလောလောဆယ်အတိအကျမသိရသေးဘူး။ သေဆုံးသူထဲမှာ အရွယ်မရောက်သေးတာ ၅ ယောက်ပါတယ်။ ဘုရားကျောင်းတက်နေသူ အများအပြား သေဆုံးဒဏ်ရာရပါတယ်။ ဒဏ်ရာရသူ စာရင်း အသေးစိတ်မသိရသေးပါဘူး။ တိုက်လေယာဉ်နဲ့ ထပ်လာကျဲမှာစိုးလို့ ဒဏ်ရာရသူတွေ ကယ်ထုတ်တာကို အမြန်လုပ်နေရပါတယ်။ သေဆုံးသူတိုးလာနိုင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကနန်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာဟာ ဒလန်သတင်းပေးမူကြောင့်ဖြစ်တယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ ကနန်ကျေးရွာဟာ အမျိုးသားညီညွတ်ရေးအစိုးရသိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့အနီးမှာတည်ရှိတာဖြစ်ပါတယ်။ ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ဆန်းပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ထားခဲ့ကြောင်း သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed