September 16, 2023 || Tongsan Media Group ||

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သင်တောကျေးရွာအနီး၌ ကတုတ်ကျင်းများတူးကာ စခန်းချရန် ပြင်ဆင် နေသည့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၇ ဦးသေဆုံးခဲ့ကြောင်း ABSDF Column -3 မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၅ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်က ဂန့်ဂေါမြို့နယ်၊ သင်တောကျေးရွာ ၌ အထိုင်ချတပ်စွဲရန် ကတုတ်ကျင်းများတူးနေသည့် စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ ပျူစော ထီးများကို ABSDF နှင့်ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တနေကုန်နီးပါး တိုက်ပွဲ ပြင်း ထန်ခဲ့ပြီး ည ၉နာရီ ဝန်းကျင်တွင် သင်တောကျေးရွာမှ ၎င်းတို့ အထိုင်ချရာ မြောက်ခင်ရမ်းကျေးရွာသို့ ပြန် လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့နောက် မြောက်ခရမ်းရွာရှိ ကျန်ပျူစောထီးအဖွဲ့ဝင်များနှင့် အနီးအနားရှိ ပျူ စောထီးများ စုစည်း၍ သင်တောကျေးရွာတောင်ဘက်၌ သင်တောကျေးရွာနေပြည်သူ များကို ဓားစာခံ ဖမ်းဆီးကာ ကတုတ်ကျင်းများ တူးရန် ပြင် ဆင်နေစဉ် ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “သူတို့က သင်တောကျေးရွာမှာ စခန်းချဖို့ ကြိုးစားနေတာပါ၊ ဒီနေ့တော့ တိုက်ပွဲဖြစ်တာ မရှိဘူး၊ မြောက်ခင်ရန်းကို ပြန်ဆုတ်သွားတယ်၊ နယ်မြေရှင်းလင်းတဲ့အချိန်မှာ လက်ပစ်ဗုံးတစ်လုံးတော့ သိမ်းဆည်းရမိပါတယ်၊ တိုက်ပွဲမှာက ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရသွားတာပါတယ်” ဟု ABSDF Column – 3 မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း ဟံသာဝတီကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများမှ ၁၂၀ မမ များဖြင့် တိုက်ပွဲဖြစ်ပွားသည့် နေရာများသို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ သင်တောကျေးရွာမှ အမျိုး သမီး တစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ရွှေဘိုကျေးရွာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲ အတွင်း၌ အကြမ်းဖက်စစ်သား ၊ ပျူစောထီး ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး- ABSDF (ကျောင်းသား တပ်မတော်) အမှတ် ၃ စစ်ကြောင်း တပ်ရင်းအမှတ် ၁၂ နှင့် မဟာ မိတ်များဖြစ်ကြသည့် ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁ ၊ ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁၂ ၊ ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁၄ ၊ KKG ၊ ဂန့်ဂေါမြို့နယ် ပ.က.ဖ များ ၊ ဟံသာဝတီကျေးရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ခဲ့ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed