ဂါဇာစီတီးရဲ့ အကြီးဆုံးဆေးရုံဖြစ်တဲ့ ရှီဖာဆေးရုံကို အစ္စရေးအထူးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းရှာဖွေရာမှာ လက်နက်တွေအပါအဝင် အရေးကြီးအထောက်အထားတွေ စတင်တွေ့ရှိထားပြီလို့ အစ္စရေးစစ်တပ်က နိုဝင်ဘာ ၁၅ ရက်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ရှီဖာဆေးရုံကို ၃ ရက်ကြာပိတ်ဆို့ထားပြီး နိုဝင်ဘာ ၁၅ ရက်နေ့မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး လောလောဆယ် အဆောင်တွေအလိုက် အသေးစိတ်ရှာဖွေစစ်ဆေးမှုတွေ လုပ်နေတယ်ဆိုပါတယ်။

ရှာဖွေရှင်းလင်းပြီးဖြစ်တဲ့ ရှီဖာဆေးရုံ MRI စင်တာထဲကနေ လက်နက်တွေ တွေ့ရှိတာကို နိုင်ငံတကာသတင်း ထောက်တွေကို ခေါ်ယူပြသတဲ့ ဗီဒီယိုကိုလည်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။ လောလော ဆယ်တွေ့ရှိချက်အရ ရှီဖာဆေးရုံကို စစ်ဌာနချုပ်အဖြစ် စနစ်တကျဖန်တီးထားတာသေချာနေတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။

ရှီဖာဆေးရုံအောက်မှာ တည်ဆောက်ထားတယ်ဆိုတဲ့ ဟားမတ်စ်ဌာနချုပ်ကို ဖေါ်ထုတ်နိုင်ဖို့ ဆေးရုံဝင်းထဲက အဆောင်အားလုံးကို အသေးစိတ် ရှင်းလင်းစစ်ဆေးမယ်လို့လည်း အစ္စရေးစစ်တပ်ကပြောဆိုထားပါတယ်။ ဟားမတ်စ်အဖွဲ့ကတော့ ရှီဖာဆေးရုံအောက်မှာ ဌာနချုပ်မရှိသလို ဆေးရုံထဲမှာတွေ့ရှိတယ်ဆိုတဲ့လက်နက်တွေဟာ သူတို့ဟာမဟုတ်ပဲ အစ္စရေးစစ်တပ်က လုပ်ကြံသတင်းဖန်တီးတာသာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed