August 13, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း ကလေးမြို့ စက္ကန့်ရွာအနီးရှိ ကျွန်းချောင်း ရွာမှ ဆေးခန်းလာပြသည့် သားအမိ ၂ ဦးကို အကြမ်းဖက် စစ်တပ်က သေနတ်ဖြင့် ပစ်သတ်ပြီး ဆိုင်ကယ်နှင့်အတူ ရုပ်အလောင်းများကို မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့သည့် သားအမိ၂ ဦးမှာ အသက် ၅၀ ဝန်းကျင် ဟွေးအိယာန် နှင့် အသက် ၃၀ ဝန်းကျင် စမူအဲလ်တို့ ဖြစ်ကြောင်း သိရှိရသည်။ “ဆေးကုသွားရင်း အပြန် စက္ကန့်ကို ခွေးတွေက ဝင်ကပ်ဖို့ ကြိုးစားနေချိန်တွေ့သွားတာ။ အပစ်ခံရတာက ၄ ယောက်၂ ယောက်က တစ်ယောက်က ဒူးခေါင်းမှာ ကျည်မှန်ပေမယ့် လွတ်မြောက်သွားပြီး ကျန် ၂ ဦးက ပစ်ခတ်ရပြီး မီးရှို့ဖျောက်ဖျက်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။

ယင်း အကြမ်းဖက်စစ်တပ်သည် စက္ကန့်ရွာမှ ပြန်ထွက်ချိန်တွင် ရွာပတ်လည်တွင် မိုင်းများ ထောင်ထားခဲ့ပြီး တော်လှန်ရေးအဖွဲ့ များမှ မိုင်းများကို ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း ၊ စက္ကန့်ရွာထဲတွင်လည်း ပြည်သူများ နေအိမ်ကို မွှေနှောက်ခြင်းအပြင် ကားများ ၊ လုပ်ငန်းသုံးယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လက်ရှိ စစ်ကောင်စီတပ်သားတွေဟာ ယနေ့ညနေပိုင်းတွင် ကလေးမြို့တွင်းသို့ ပြန်လည်ဆုတ်ခွာကြပြီလို့သိရတယ်။ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ မြို့လှနဲ့ စက္ကန့်ရွာသား ၁၅ ဦးကိုလည်း ပြန်လွတ်ပြီလို့သိရတယ်။

Soucre: Zalen News

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed