အိန္ဒိယ−မြန်မာနယ်စပ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ရာနှင့်ချီ အိန္ဒိယဘက်သို့ နယ်စပ်ဖြတ် ထွက်ပြေးမှုများ များပြားလာပြီးနောက် နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်တော့မည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က ပြောသည် “အိန္ဒိယ-မြန်မာနယ်စပ် တစ်ခုလုံးကို ခြံစည်းရိုးခတ်ဖို့ အစိုးရက ဆုံးဖြတ်ထားပါတယ်” ဟု အာသံပြည်နယ်သို့ Amit Shah အလည်အပတ် ရောက်ရှိစဉ် ပြောဆိုခဲ့သည်ဟု AFP သတင်းတွင် ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်တွင် ဖော်ပြသည်။ မိုင်ပေါင်း ၇၅၀ ကျော်ရှည်လျားသည့် နယ်စပ်ခြံစည်းရိုးကို မည်သည့်အချိန်တွင်ကာရံမည်၊ မည်မျှကြာမည်ကိုမူ ပြောဆိုခြင်းမရှိပါ။

အိန္ဒိယ−မြန်မာနယ်စပ်တိုက်ပွဲများကြောင့် မြန်မာနိုင်ငံမှ စစ်ရှောင်များ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံရသူ ထောင်နှင့်ချီလည်းရှိနေသည်။ ထိုအခြေအနေတွင် Free Movement Regime (FMR) ခေါ် ၂ နိုင်ငံ ဗီဇာမလိုဘဲ နယ်စပ်ဖြတ်ကျော်သွားလာခွင့်ကိုလည်း ရုတ်သိမ်းရန် အိန္ဒိယ အစိုးရက စီစဉ်နေသည်ဟု The India Express သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယ−မြန်မာနယ်စပ်တစ်လျောက် ခြံစည်းရိုးခတ်ရခြင်း၏ ရည်ရွယ်ချက်ကို အိန္ဒိယအစိုးရက ထုတ်ဖော်ပြောြခင်းမရှိပါ။ သို့သော် အိန္ဒိယမြန်မာနယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA)နှင့် ချင်းတော်လှန်ရေးအဖွဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများကြောင့် မြန်မာစစ်သားများ စခန်းစွန့်ခွာကာ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်သွားလေ့ရှိသည်။ ပြုစုထားသည့် စာရင်းများအရ ၂၀၂၃ နိုဝင်ဘာ ၁၃ တွင်၊ နိုဝင်ဘာ ၁၆၊ နိုဝင်ဘာ ၂၉၊ ဒီဇင်ဘာ ၂၉ တွင်၊ ယခုနှစ် ဇန်နဝါရီ ၆ ရက်တို့တွင် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံသို့ ရာနှင့်ချီ ထွက်ပြေးခဲ့ကြသည်။ ဇန်နဝါရီ ပထမပတ်အထိ စုစုပေါင်း ၅ ကြိမ်ထွက်ပေးခဲ့ကြပြီး ထွက်ပြေးသည့် စစ်သားစုစုပေါင်း ၅၀၀ နှင်အထက် ရှိနိုင်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed