August 12, 2023 || Tongsan Media Group ||

အာဏာရှင်စနစ်ရဲ့ လမ်းစဉ်နဲ့ လုပ်ငန်းအားလုံး အဆုံးသတ်ရေးအတွက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မည်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက သြဂုတ်လ ၁၂ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၃ နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အတွက် KNU ဥက္ကဋ္ဌက သဝဏ်လွှာပို့ပြီး ပြောဆိုခဲ့တာပါ။

စစ်တပ်ဟာ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင် စနစ်ကို စွဲစွဲမြဲမြဲ အသုံးပြုနေပေမယ့် ကရင်တိုင်းရင်းသားတွေ အပါအဝင် ပြုပြင်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်နေသူတွေအကြား စုစည်းမှုဟာ ကျစ်လစ်မှု မရှိသေးဘူးလို့ ထောက်ပြပါတယ်။ အစုအဖွဲ့အားလုံးကို စုစည်းပြီး စစ်တပ်ရဲ့ ကံကြမ္မာဟာ လူထုလက်ထဲကို ပြန်လည်ရောက်ရှိတဲ့အထိ ဆောင်ရွက်ရမယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ် ရေးထိုးခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးကတည်းက NCA ဟာ ပျက်စီးသွားပြီလို့ KNU ကထုတ်ဖော် ပြောဆိုထားပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း မြန်မာ-ထိုင်း နယ်စပ်ဒေသတွေကို နယ်မြေ ခုနစ်ခုခွဲပြီး ထိန်းချုပ်ထားတဲ့ KNU ဟာ စစ်အာဏာ သိမ်းပြီးနောက် လက်နက်ကိုင် ခုခံစစ်အတွင်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ KNU ဗဟိုရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲအတွင်း KNU နယ်မြေမှာ တိုက်ပွဲပေါင်း တစ်သောင်းကျော်ဖြစ်ပွားခဲ့ပြီး အရပ်သား ခြောက်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed