ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွောလ်ဘင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချလိုက်ရာ သားအဖ ၂ ဦးသေဆုံးပြီး ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးကြောင်း ဒေသပြည်သူ တစ်ဦးက Tongsan Media Group သို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် ချင်းပြည်နယ်၊ တီးတိန်မြို့၊ မွောလ်ဘင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် အရပ်သားပြည်သူ ၂ ဦးဖြစ်သည့် ဦးကျင့်ဇကမ်း တို့ သားအဖ ၂ သေဆုံးပြီး လူတစ်ဦးဒဏ်ရာရရရှိကြောင်း၊ ဒဏ်ရာရရှိသူမှာ အလွန် အခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် မွောလ်ဘင်းရွာမှ ခရစ်ယာန်နှစ်ခြင်းဘုရားရှိခိုကျောင်းပျက်စီးသွားပြီး လူနေအိမ်အများအပြားလည်း ပျက်စီးကြောင်း သိရှိရသည်။ “လေယာဉ်နဲ့ ဗုံးကျဲလို့ အသက် ၄၀ အရွယ် ဦးကျင့်ဇကမ်းတို့ သားအဖ ၂ ဦးပွဲချင်းပြီး သေဆုံးတဲ့အပြင် နေအိမ်တွေပျက်စီးတယ်။ ခရစ်ယာန် နှစ်ခြင်းဘုရားကျောင်းလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက Tongsan Media ပြောဆိုသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed