ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က Zomi Revolutionary Army (ZRA) စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA) ဦးဆောင် CDFအဖွဲ့များမှ သိမ်းပိုက်ရရှိထားတယ်လို့ သတင်းရရှိပါတယ်။ တီးတိန်မြို့နယ်၊ မွာလ်လွန်ကျေးရွာက ZRA ရဲ့ Carmel တပ်စခန်းကို ဧပြီလ ၄ ရက်၊ နေ့လည်အချိန်လောက်က CNA ဦးဆောင်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ရရှိထားတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်တာက မေလ ၁ ရက်နေ့ကစပြီး ဖြစ်တာ။ နှစ်ဖက်အကျဆုံး ရှိတယ်။ အသေးစိတ်တော့ မသိဘူး။ စခန်းကိုတော့ ဒီနေ့ နေ့လည်လောက် သိမ်းပိုက်ရရှိထားဖြစ်တယ်။ ZRA စခန်းက လက်နက်ခဲယမ်း ဆက်စပ် ပစ္စည်းတွေ သိမ်းပိုက်ရရှိထားပါတယ်။”လို့ CNA နဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။

ZRA တပ်စခန်းမှ တူမီး သေနတ် (၁)လက်၊ လက်လုပ်မော်တာ လောင်ချာ(၂)လက်၊ စကားပြောစက်၊ ခဲယမ်းမျိုးစုံ၊ စစ်အသုံးအဆောင် ပစ္စည်းတွေကို CNA ဦးဆောင်အဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ တီးတိန်မြို့နယ်၊ မွာလ်လွန်၊ လိုင်သွီး စတဲ့ ကျေးရွာမှာ မေလ ၁ ရက်နေ့ကစလို့ CNA ပူးပေါင်းအဖွဲ့နဲ့ ZRA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင်း နှစ်ဖက်အကျဆုံးရှိတယ်လို့ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed