ဒီနေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွှဲ ၁ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီတပ်များမှ တီးတိန်မြို့ နှင့် တွန်းဇံမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်ရှိ ဇလွေးချောင်းကူး တံတားကို အမြောက်ဖြင့် ပစ်ခတ် ဖျက်ဆီး လိုက်တာကြောင့် ကျိုးကျသွားတယ်လို့ ဒေသမီဒီယာ တစ်ခုဖြစ်သော The Tedim Post ၏ ဖော်ပြချက်အရ သိရှိရပါတယ်။

“ဇလွေးချောင်းကူး တံတား က တွန်းဇံမြို့ အဝင်အထွက် အတွက် အဓိကကျတဲ့ တံတား ဖြစ်တယ်။ တီးတိန်မြို့ရဲ့ မြောက်ဘက် မဏိပူရမြစ်ဝှမ်းရှိ လျိုကြီးထဲမှာ ရှိတာပါ။ အခု မိုးတွင်းကာလရောက်ပြီ ဆိုတော့ ချောင်းရေက တောက်လျှောက် များတော့မှာ ဖြစ်တဲ့အတွက် တွန်းဇံ-တီးတိန် ဆက်သွယ်မယ့် အဓိက လမ်းကြောင်း ပြတ်တောက်သွားပြီ လို့ ပြောလို့ ရပါတယ်၊

ဒီရက်ပိုင်း အဖြစ်အပျက်တွေကို ကြည့်လိုက်မယ် ဆိုရင် တီးတိန်မြို့ အတွက် ကလေး-တီးတိန် လမ်းမပြီးရင် အရေးကြီးတဲ့ လမ်း နှစ်သွယ် ဖြစ်တဲ့ တီးတိန်-ရိဒ် လမ်းမကြီး နှင့် တီးတိန်-တွန်းဇံ လမ်းမကြီးကို ဖြတ်တောက် လိုက်တဲ့ သဘော ထင်တယ်” လို့ တွန်းဇံမြို့နယ် ဒေသခံ စစ်ရှောင်သူ ၁ ဦးက ပြောပြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်