ပဲခူးတိုင်း၊ တောင်ငူခရိုင်‌၊ ဇေယျဝတီမြို့တွင် တောင်ငူ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် နေဝန်းထွန်း အပါအဝင် ရဲ ၃ ဦး တော်လှန်ရေး အဖွဲ့များက ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ “ဇေယျဝတီက ရဲ ၂ ဦးလည်း သေတယ်။ ၁ ယောက်လွတ်သွားတယ်။ နေဝန်းထွန်း အလောင်းက အခုတောင်ငူအမှတ် ၂ စခန်းထဲမှာ နာရေးဘုတ်မှာ အသက် ၄၃ နှစ်လို့ ရေးထားတယ်” ဟု ရဲသတင်းရင်းမြစ်မှ ပြောကြားသည်။ သေဆုံးသွားသော ဒုရဲအုပ် နေဝန်းထွန်းသည် စစ်ကြောရေး၌ ရက်စက် ကြမ်းတမ်းစွာ ပြုမူတတ်သည့် ရဲအရာရှိ တစ်ဦးဖြစ်ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာအနီးတွင် လက်နက်ချအညံ့ခြင်းမရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်ရှင်းလင်းခဲ့ရာ ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အချို့ ရှိခဲ့ ကြောင်း ရခိုင်တပ်တော် AA တပ်ဖွဲ့က ထုတ်ပြန်သည်။ ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၅ နာရီ ၃၆ မိနစ်ခန့်တွင် မောင်းတောမြို့နယ်၊ ကံပြင်သာစည်ကျေး ရွာ အရှေ့မြောက်ဘက် ၃ ဒသမ ၃ ကီလိုမီတာအကွာအဝေး၌ လက်နက်ချအညံ့ခံရန် အသိပေးထား သော်လည်း လက်နက်ချအညံ့ခြင်းမရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ အချို့ရှိကြောင်း သိရသည်။ ရခိုင်တပ်တော်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ လက်နက်ချအညံ့ခံရန် အသိပေးထားပြီး လက်နက်ချအညံ့ခံခြင်းမရှိသူများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed