ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် CNA နဲ့ စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားလို့ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူများကို ကန့်ကွက်ရှုပ်ချကြောင်း အမေရိကအခြေစိုက် ဇိုမီးအသင်းအဖွဲ့တွေက သတင်းထုတ်ပြန်ကြပါတယ်။

အမေရိကနိုင်ငံမှာ အခြေစိုက် အသင်းတော် ၃၇ ပါးနဲ့ဖွဲ့စည်းထားတဲ့ Zomi Baptist Churches of America ရဲ့ ငြိမ်းချမ်းရေးနဲ့တရားမျှတရေးကော်မတီက တိုက်ပွဲကြောင့် အမျိုးသမီးနဲ့ကလေးအပါအဝင် ဒေသခံထောင်ချီစစ်ဘေးရှောင်ရခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ ဒေသအမြန်ငြိမ်းချမ်းဖို့ဆုတောင်းတယ်လို့ မေလ ၁၇ ရက်ကထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် အမေရိကအခြေစိုက် Zomi Innkuan USA, Inc. အရပ်ဖက်လူမှုရေးအဖွဲ့အစည်း ကလည်း မေလ ၂ ရက်ကစပြီး CNA တပ်ဖွဲ့များ ၎င်းတို့နယ်မြေအတွင်းဝင်ရောက်လာပြီး တိုက်ပွဲဖော်ဆောင်ခြင်းနဲ့ပတ်သက်ပြီး အပြင်းထန်ကန့်ကွက်ရှုပ်ချတယ်လို့ မေလ ၁၃ ရက်ကထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက CNA ရဲ့အကြမ်းဖက်မှုကို ဒေသခံများခံစားနေရပေမယ့် လက်တုန့်ပြန်ခြင်းမပြုဘဲခွင့်လွတ်ခဲ့ပေမယ့် ခုချိန်မှာရပ်တန့်ခြင်းမပြုဘဲ ပိုမိုဆိုးရွားလာသကဲ့သို့ဖြစ်နေပါတယ်။ ဒါကြောင့် ငြိမ်းချမ်းစွာနေလို့တဲ့ ဒေသခံပြည်သူတွေကတော့ CNF ရဲ့လုပ်ဆောင်ချက်တွေကို ပြင်းပြင်းထန်ထန်ရှုပ်ချပါတယ်။ Zomi Innkuan USA က ဇိုမီးပြည်သူတွေပေါ် လိုအပ်သလို ရပ်တည်သွားမယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed