ချင်းပြည်နယ် ၊ တွန်းဇံမြို့ နယ် ရှိ ကျီခါး (Cikha) မြို့ ကို ချင်းပူး​ပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီဖြစ်​ကြောင်း စစ်​ရေးသတင်းရင်းမြစ် အချို့က အတည်ပြု​ပြောကြားသည်။ ချင်းလဲန်းအစိုးရ ကာကွယ်​ရေးဝန်ကြီးဌာန လက်​အောက်ရှိ ချင်းပူး​ ပေါင်းတပ် CNA/CDFs က ချင်းပြည်နယ် ကျီခါး (Cikha) မြို့ရှိ စကစ တပ်စခန်းသိမ်းပိုက်ရရှိ ပြီဖြစ်​ကြောင်း CNA နှင့် နီးစပ်​သော စစ်​ရေးရင်းမြစ်တစ်ဦးက ယ​နေ့ (​မေ ၁၉)​နေ့ခင်းပိုင်းတွင်းလူမှုကွန်ယက်၌ ​ရေးသားထားသည်။ ကျီးခါးမြို့ ရရှိသည်မှာ မှန်ကန်​ကြောင်း အခြား စစ်​ရေးရင်းမြစ်တစ်ဦးကလည်းအတည်ပြုသည်။

​မေ ၁၁ ရက်တွင် စစ်​ကောင်စီစခန်းရှိ စစ်သားအများစုကို တွန်းဇံမြို့ ရှိ စစ်တပ်စခန်းသို့ ရဟတ်ယာဥ်ဖြင့် ​ရွေ့​ပြောင်းသွားပြီး ကျန်​နေ​သော စစ်သားများနှင့် ZRA တပ်ဖွဲ့ဝင်များကိုချင်းအမျိုးသားတပ်မ​တော် (CNA ) နှင့် ချင်း​ဒေသကာကွယ်​ရေး ( CDF) ပူး​ပေါင်းတပ်ဖွဲ့တို့ကမေ ၁၉ ရက်မနက်၁၁ နာရီခွဲတွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” ဒီမနက်မှာ စခန်းမှာရှိ​နေတဲ့ ကျန်​နေတဲ့စစ်သား​တွေနဲ့ စကစ မဟာမိတ် ZRA ​တွေ ကို တိုက်တာ။ ၁၀ မိနစ်​လောက်ပဲ စစ်သား​တွေ၊ ZRA ​တွေထွက်​ပြေးသွားတယ်။ အဲတာ​ကြောင့်မို့ ကျီခါးမြို့ကို ထိန်းချုပ်လိုက်ပြီ အဲဒီစခန်းကို မီးရှို့လိုက်ပြီ” ဟု ချင်းစစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။

ကျီခါးမြို့သည် ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် ပါဝင်​​သော မြို့နယ်ခွဲ မြို့ဖြစ်သည်။ ၂၀၁၄ သန်း​ခေါင်စာရင်းအရ မြို့​ပေါ်တွင် လူဦး​ရေ ၁၄၅၀ ဦး ၊​ကျေးလက်တွင် ၉၇၀၆ ဦး စုစု​ပေါင်း မြို့နယ်ခွဲအတွင် ၁၁၀၀၀ ​ကျော် နေထိုင်သည်။ တောင်ဘက်တွင် တွန်းဇံမြို့နှင့် တီးတိန်မြို့ အ​ရှေ့ဘက်တွင် ခမ်းပါတ်မြို့၊ အ​နောက်ဘက်နှင့် ​မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ တည်ရှိပြီး နယ်စပ်မြို့ ဖြစ်သည်။

ကျီခါး မြို့သိမ်းတိုက်ပွဲကို CNA ၊ CDF အပါအဝင် ချင်းပူး​ပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့​ကြောင်းသိရ​သော်လည်း မြို့သိမ်းတိုက်ပွဲအ​ခြေအ​နေကို မသိရ​သေးပါ။ ထိုအပြင် အခြားသတင်းတစ်ရပ်တွင် ချင်းပူး​ပေါင်းတပ်များသည် တွန်းဇံမြို့ ရှိ စစ်​ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်​နေရာ မေလ ၁၉ရက်နေ့ နံနက်ပိုင်းတွင် တွန်းဇံမြို့ရှိရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်တပ်စခန်းအတွင်းပိုင်းသို့ပါ ၀င်ရောက်ထိုးဖောက်နိုင်၍ ယ​နေ့​ နေ့ခင်းတွင်တိုက်ခိုက် ​နေ​ကြောင်း ​ဖော်ပြသည်။

” ဒီမနက်ပိုင်း ၆နာရီ မီနစ် ၄၀ခန့်မှာ တွန်းဇံစစ်ကောင်စီရဲစခန်းကို ကျနော်တို့ဖက်က သိမ်းပိုက်လိုက်ပြီ၊ စစ်တပ်စခန်းကိုလည်း အတွင်းပိုင်းအထိ ကျနော်တို့တပ်တွေ ၀င်ရောက်နိုင်ပြီ၊ အခုကျနော်တို့စကားပြောနေတုန်းမှာ အဲဒီစစ်တပ်စခန်းကိုပါ ကျနော်တို့ဖက်က သိမ်းပိုက်နိုင်မယ့်အခြေနေရှိတယ်” လို့ CDF-Hualngo ram စစ်ဦးစီးချုပ် ဦးပွီးသဲ က ​မေ ၁၉ ရက် မနက်ပိုင်း ၇နာရီခန့်တွင် ပြုလုပ်ခဲ့​သော CDF-KKG Supporting Team of North America ၏ အွန်လိုင်း Fund-Raising အစီစဉ်မှတဆင့်အသိပေးခဲ့​ကြောင်း ​ဖော်ပြသည်။

ချင်း​တော်လှန်​ရေး တပ်ဖွဲ့​တွေက၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းကစပြီး ရိ​ဒ်ခေါဒါရ် မြို့ ၊ ​ရေဇွာမြို့ ၊ မကွီးအိမ်နူးမြို့ ​တွေကိုသိမ်းပိုက်ခဲ့ပြီး ၊ ​ဝေဘူလမြို့ ၊ နှာရိန်းမြို့ ၊ ဆူရ်ခွား မြို့က စစ်သား​တွေက ထွက်​ပြေးသွားကြသည်။ ယခုနှစ်ဆန်းပိုင်းတွင်လည်း ကျင်​ဒွေးမြို့ ၊ ကျီခါးမြို့ များကို ချင်းပူး​ပေါင်းတပ်များက သိမ်းပိုက်ထားသည်။

ထို​ကြောင့် ချင်းပြည်နယ်တွင် ချင်းပူး​ပေါင်းတပ်များသိမ်းပိုက်ထားသည့် မြို့​ပေါင်း ၈ မြို့ရှိပြီဖြစ်သည်။ ထိုအပြင် အာရက္ခတပ်​တော်(AA)ကလည်း ၁၀၂၇ စစ်ဆင်​ရေး ဖြင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တစ်ခုကိုရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ပလက်ဝ မြို့နယ်တွင် ပလက်ဝ မြို့ နှင့် ဆမီး မြို့ တို့ပါဝင်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed