ချင်းပြည်နယ်၊ မြောက်ပိုင်း တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာ (Lungtak) မှာ မေလ ၁၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဘာသာရေးအဆောက်ဦး နှစ်ခုနဲ့ ဒေသခံတွေရဲ့ နေအိမ် လေးလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်မှာ ချင်းအမျိုးသားတပ်မတော် (CNA) အပါအ၀င် ပူးပေါင်းတပ်ဖွဲ့ တွေနဲ့ ZRA အဖွဲ့တို့အကြား စစ်ရေးအခြေနေတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တွန်းဇံမြို့အ၀င်အထွက်ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် လုံတပ်ကျေးရွာ(Lungtak)၊ ဖိုင်တူ (Phaitu)နဲ့ နာ့ဇန် (NakZang) စတဲ့ ကျေးရွာ သုံးရွာက ဒေသခံတစ်ထောင်ခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ “တိုက်ပွဲဖြစ်မယ်လို့ အသံကြားနေတာကတော့ ကြာပြီ။ အဲ့တာကြောင့် အဲဒီရွာတွေက ကြိုပြေးထားကြတော့ လေယာဉ်နဲ့ လာကြဲတဲ့အခါမှာ လူထိခိုက်မှု မရှိတာ။ သုံးရွာပေါင်း တစ်ထောင်လောက် ရှောင်နေကြရတယ်။ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် RC ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းနဲ့ ZRB ခရစ်ယာန်ဘုရားကျောင်းတစ်‌ကျောင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့ တဲ့ မေလ ၃ရက်နေ့က တွန်းဇံမြို့နယ်မှာ တိုက်ပွဲဖော်ဆောင်တာတွေ မလုပ်ကြဖို့ တွန်းဇံမြို့မိမြို့ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက တောင်းဆို ထုတ်ပြန်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed