ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ခလရ ၂၉၆ တပ်စခန်းအတွင်းမှ ငွေကျပ် သိန်း ၃၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ရကြောင်း သိရပါတယ်။ ချင်းပြည်အစိုးရ တပ်ဖွဲ့၀င်များဖြစ်ကြသည့် ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ (CDFs) မှ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ကို မေလ ၁၉ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် တွန်းဇံမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ အခြားစစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ချင်းပြည်အစိုးရ တပ်ဖွဲ့၀င်များက သိမ်းပိုက်ခဲ့ပါတယ်။

တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ငယ် ၅၀ ကျော်သိမ်းဆည်းရရှိတယ်လို့လည်း CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မီဒီယာတွေကို ပြောခဲ့ပါတယ်။ တွန်းဇံမြို့တိုက်ပွဲတွင် ချင်းပြည်အစိုးရတပ်ဖွဲ့ဖက်၌ ရဲဘော် ၂ဦးကျဆုံးပြီး စစ်ကောင်စီနဲ့ သူတို့ရဲ့အပေါင်းအပါ ZRA ဖက်တွင် ၂၀ ၀န်းကျင် ကျဆုံးတယ်လို့ သိရပါတယ်။

ကျီခါးမြို့ကို လက်လွှတ်ခဲ့ရတဲ့ စစ်ကော်စီဟာ တွန်းဇံမြို့မကျရန် လေကြောင်းတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်နေသည့်အပြင် မနေ့ မေလ ၂၂ရက်နေ့တွင် ရဟက်ယာဉ်တွေနဲ့ စစ်ကူတွေဆက်ပို့ခဲ့ပါတယ်။
လေကြောင်းဖြင့် စစ်ကူလာချပေးသော စစ်ကောင်စီ စစ်သားတွေက တွန်းဇံမြို့အနီးတွင် စစ်ရှောင်နေသော ပြည်သူတချို့ကို လမ်းပြအဖြစ်ဖမ်းခေါ်ဆောင်ခဲ့ပြီး သူတို့ကို ယနေ့ မေလ ၂၃ ရက်နေ့တွင် ပြန်လွတ်ပေးခဲ့ကြောင်း တွန်းဇံပြည်သူ့အုပ်ချုပ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed