August 30, 2023 || Tongsan Media Group ||

ချင်းအမျိုးသားတပ်ဦး CNF/ CNA၊ CDF ထန်တလန် ၊ CDF ဟားခါး နှင့် CDF ဇိုဖေ စသည့် ချင်းပူးပေါင်းတပ်ဖွဲ့များသည် Tilim Operation 3 ဟုအမည်ပေးထားသော စစ်ဆင်ရေးကို ဩဂုတ်လ ၂၇ နှင့် ၂၈ ရက်တို့တွင် ဖော်ဆောင်ခဲ့ကြပြီး ထန်တလန်မြို့ပေါ် တပ်ကုန်းနှင့်အနီးပတ်၀န်းကျင်တွင် ခြေကုပ်ယူထားသော စစ်ကောင်စီတပ်စခန်း ၅ ခုအပြင် အခြားသော မြို့တွင်းရှိ စခန်းငယ် ၂ နှင့် ဟားခါး-ထန်တလန်ကြား Auto Tower တောင်တို့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြ ပါတယ်။ စစ်ကောင်စီက လေကြောင်းအပါအဝင် ဟားခါးမြို့ရှိ အမြောက်တပ်မှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ကူပေးခဲ့ကြောင်း CDF-Thantlang ၏ထုတ်ပြန်ချက်မှာဖော်ြပထားသည်။

ယင်း Tilim Operation 3 စစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က ဗိုလ်မှူး ကျော်စိုးမင်းအပါအဝင် စစ်ကောင်စီတပ်သား ၃၇ သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြသည့် အပြင် လက်နက် ၅ လက်နဲ့ ကျည်ဆံများသိမ်းဆည်းရမိသည်ဟု CDF-Thantlang ကဆိုသည်။ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNA မှ ရဲဘော် ၅ ဦး၊ CDF-Thangtlang မှ ရဲဘော် ၄ ဦး၊ CDF-Hakha မှ ရဲဘော် ၁ ဦး နှင့် CDF-Zophei မှ ရဲဘော် ၅ ဦး စုစုပေါင်း ရဲဘော် ၁၅ ဦး ကျဆုံးခဲ့ရပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။ ယင်းတိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒဏ်ရာရရှိသူများကို မော်တော်ယာဉ်များဖြင့် ဟားခါးမြို့သို့ သယ်ဆောင်သွားကြောင်းသိရသည်။

Source: RFA / Zalen News

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed