ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တွန်းဇံမြို့နယ်ရှိ ဒါလ်ခိုင့်ကျေးရွာသို့ ကက်သလစ်သာသနာ ရောက်ရှိခြင်း (၇၃)နှစ်ပြည့် စိန်ရတုပွဲတော်နှင့် စိန်ပီတာဘုရားကျောင်းသစ် ရေစက်ချပွဲကို ပြီးခဲ့သည့် နို၀င်ဘာလ ၂၄ -၂၅ ၊၂၀၂၃ ခုနှစ်၌ ကျင်းပသည်ဟု သိရပါသည်။ ထိုပွဲတော်သို့ ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာ၊ သာသနာပိုင် ဆရာတော်ကြီး ဖီးလစ် လျန်းခင့်ထန် (B.A, J.C.D, DD) ကြွရောက်ပြီး စိန်ရတုဂျူဗလီကျောက်တိုင် နှင့် ဘုရားကျောင်းဗိမာန်တော်သစ်ကို ကောင်းချီးပေး ဖွင့်လှစ်ပေးခဲ့သည်။

ဂျူဗလီပွဲတော်၌ ဦးပဉ္ဇင်းကြီး ၂ပါးကိုလည်း သာသနာပိုင်ဆရာတော်ကြီးမှ ရဟန်းသိက္ခာတင်မြှောက်ခဲ့သည်ဟု သိရှိရသည်။ ရဟန်းသစ် ၂ပါးမှာ (၁) တွီးမန်ဇာတိဖွား ဒါလ်ခိုင့်ရွာဟောင်း၌ နေထိုင်သူ ဦး ဂျွန် ဝုန်ခန့်ဇမ်နှင့် ‌ဒေါ် မာရီးယား ကမ်ငိုက်ကျင်းတို့၏သား ဦးပဉ္ဇင်းကြီး အိဒ္ဒြူး ထန်မွမ်တွောင် (၂) တီးတိန်မြို့နယ် တဲန့်လွီးရွာမှ ဦး အဒ္ဒြူး ထန်ဂင့်ပြောင် နှင့် ဒေါ် မေရီ ကျိန် ရှလ်ဝုန် တို၏သား ဦးပဉ္ဇင်းကြီး ဖရန်စစ် နန်ဒိတ်ပေါင် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ။ ပွဲတော်သို့ ကက်သလစ်ရဟန်း‌တော်၂၂ ပါး၊ အနယ်နယ်အရပ်ရပ်မှ ဘာသာ၀င် ၁၂၀၀ ကျော် ပါဝင်ဆင်နွဲခဲ့‌ကြောင်း သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed