August 19, 2023 | Tongsan Media Group |

နော်ဝေနိုင်ငံက ထုတ်လုပ်တဲ့ ဒေါ်လာ သန်း ၇၀ နီးပါး တန်ဖိုးရှိတဲ့ C-UAS ဘက်စုံသုံး လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ယူကရိန်းကို ပေးအပ်မယ်လို့ နော်ဝေ ကာကွယ်ရေး ဝန်ကြီး Bjørn Arild Gram က ဩဂုတ် ၁၄ ရက်နေ့က ပြောပါတယ် C-UAS လေကြောင်းရန် ကာကွယ်ရေး စနစ်ဟာ နော်ဝေနိုင်ငံ Kongsberg Defense & Aerospace စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီက အသစ်တီထွင် ထုတ်လုပ်ထားတဲ့ စနစ်လို့ ဆိုပါတယ်။

ကောက်ပဲသီးနှံ တင်ပို့နေတဲ့ ဆိပ်ကမ်းတွေ၊ အရပ်သား အခြေခံ အဆောက်အအုံတွေကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ မကြာခဏ တိုက်ခိုက်နေတဲ့ ရန်ကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်တယ် ဆိုပါတယ်။ ဗြိတိန် ဦးဆောင်ဖွဲ့စည်းထားတဲ့ ယူကရိန်း နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့ရဲ့ စီစဥ်မှုနဲ့ အခုလို ဆုံးဖြတ်တာလို့လည်း နော်ဝေ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။ ဘက်စုံသုံး လေကြောင်းရန် ကာကွယ်ရေး စနစ်အပြင် Kongsberg ကုမ္ပဏီက ထုတ်လုပ်တဲ့ Dingo သံချပ်ကာယာဥ်နဲ့ ခဲယမ်းတွေကိုလည်း ယူကရိန်းကို ပေးလှူသွားမယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျူးကျော်မှုကို အပြီးတွန်းလှန်နိုင်ဖို့ ယူကရိန်းကို လိုအပ်သရွေ့ ဆက်လက် ပံ့ပိုးကူညီပေးသွားမယ်လို့လည်း နော်ဝေ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။ Kongsberg Defense & Aerospace စစ်လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီဟာ NASAMS လေကြောင်းရန် ကာကွယ်ရေး စနစ်ကို စတင် တီထွင်ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed