July 27, 2023 || Tongsan Media Group ||

ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် နဲ့ တွေ့ဆုံ ခဲ့ကြောင်း အောင်ဆန်းစုကြည်နဲ့ အလွန်တရာမှ နီးစပ်တဲ့ ခိုင်လုံတဲ့ ပြည်တွင်း သတင်းရင်းမြစ် တခု အရ သိရပါတယ်။ ဘယ်နေ့က တွေ့ဆုံခဲ့တယ် ဆိုတာ ကိုတော့ အသေးစိတ် မသိနိုင်သေးဘဲ ပြီးခဲ့တဲ့ တနင်္လာနေ့ ညက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဥ်း ထောင် ကနေ ဝန်ကြီး အိမ်ရာဝင်း တခု မှာ အကျယ်ချုပ်ပုံစံ ပြောင်းရွှေ့ ထားပြီး နောက်ပိုင်း တွေ့ဆုံ ခဲ့တာလို့ အဲဒီ သတင်းရင်းမြစ် ကပြောပါတယ်။

မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီး အိမ်ရာ တခုမှာ အကျယ် ချုပ် ထားလိုက်ပြီ ဆိုတဲ့ သတင်းဌာန တချို့ရဲ့ ဖေါ်ပြချက် တွေ ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။ ဦးတီခွန်မြတ်ကို စစ်ကောင်စီက ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ဆက်လက် ထားရှိတာ ဖြစ်ပြီး ကာလုံ အစည်းအဝေး တွေမှာ ဦးတီခွန်မြတ် တက်ရောက် နေတာ လည်းဖြစ်ပါတယ်။

လာမယ့် သြဂုတ်လ ၁ ရက်နေ့ ပြုလုပ်မယ့် နေပြည်တော် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် အနေကဇာ တင်ပွဲနဲ့ စစ်‌ကောင်စီ သတ်မှတ် ထားတဲ့ ဆင်ဖြူ တနှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် အကျဥ်းကျ နေသူ တွေကို ပြစ်ဒဏ် လျှော့ပေါ့ခွင့် နဲ့ လွတ်ငြိမ်းခွင့် တွေ ပေးမယ်ဆိုတဲ့ သတင်း တွေလည်း ထွက်ပေါ် နေတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့တုန်း ကတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာ နိုင်ငံကို တိတ်တဆိတ် ရောက်ရှိလာပြီး ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁ နာရီ ကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့မှု ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်က ဒိုင်ယာလော့ ဖြစ်လာ ရေးကို အားပေး ထောက်ခံတယ်လို လို့ ပြောဆိုခဲ့ကြောင်း ထိုင်းဝန်ကြီးက နိုင်ငံတကာ နဲ့ သတင်းထောက် တွေကို ထုတ်ဖေါ် ပြောကြားခဲ့ပါတယ်။

Source: THN freelance journalist

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed