နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း ပုန်းခိုနေသည့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ကို ယနေ့ နံနက် အစောပိုင်းတွင် အပြီးသတ် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

အဆိုပါ စခန်းကို ယမန်နေ့(နိုဝင်ဘာလ ၆ရက်)ညမှ စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက် ၅ နာရီ ၄၅မိနစ်တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAက ထုတ်ပြန်ထားသည်။ လက်နက်မျိုးစုံ (၂၈)လက်၊ ပစ္စတိုတစ်လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရခဲ့မိသည်ကိုလည်း ဓါတ်ပုံနှင့်တကွ​ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့သည်တအာင်းပြည်နယ်၊ တပ်မဟာ(၁)စစ်ဒေသတွင် ပါဝင်သည်။ယနေ့သည် ၁၀၂၇စစ်ဆင်ရေး ၁၂ရက်မြောက်နေ့ဖြစ်ပြီး MNDAA၊ TNLA နှင့် AA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီစခန်းများကိုဆက်လက်တိုက်ခိုက်နေသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed