နမ္မတူမြို့ရှိ စစ်ကောင်စီ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLAကတိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်း ရရှိခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ (၈)ရက်နေ့ ညနေတွင် ထုတ်ပြန်လိုက်သည်။
နမ္မတူမြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF / TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာ၂၈ ရက်နေ့ နံနက်(၁း၃၀)နာရီ အချိန်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများအား အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟုဖော်ပြထားသည်။
TNLAက စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာ၂ လက်အပါအဝင် လက်နက်မျိုးစုံ ၊ခဲယမ်းအများအပြားသိမ်းဆည်းရရှိ ခဲ့သည်ဟုဖော်ပြထားသည်။ TNLA က ဒီဇင်ဘာ လအတွင်း မိုင်လုံ၊ နမ့်ဆန် ၊နမ့်ခမ်း ၊ မိုင်းတုံ နှင့် နမ္မတူမြို့များကို ဆက်တိုက်သိမ်းယူခဲ့ပြီး မိုင်းတုံမြို့သိမ်းပိုက်ခဲ့စဥ်ကလည်း လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ပြီး များလွန်း၍ ရေတွက်ရန်ပင်အခက်အခဲရှိခဲ့သည်။
![](https://tongsan.org/wp-content/uploads/2023/12/413978931_702467815285347_2684810808852283492_n-1-1024x768.jpg)
![](https://tongsan.org/wp-content/uploads/2023/12/413963491_702466518618810_8506187156786429249_n-1-1024x682.jpg)
![](https://tongsan.org/wp-content/uploads/2023/12/415117645_702466468618815_2591674345827116501_n-1-1024x768.jpg)
![](https://tongsan.org/wp-content/uploads/2023/12/415123074_702466501952145_2028844651195329893_n-1-1024x682.jpg)
![](https://tongsan.org/wp-content/uploads/2023/12/413987244_702466585285470_4212969286338968275_n-768x1024.jpg)
![](https://tongsan.org/wp-content/uploads/2023/12/415110875_702466705285458_2093999203647699667_n-1024x683.jpg)
Hits: 0