August 19, 2023 | Tongsan Media Group |

နယ်သာလန်နဲ့ဒိန်းမတ်နိုင်ငံတွေက ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့ဖို့ အမေရိကန်နိုင် ငံက အတည်ပြုချက်ပေးလိုက်ပြီလို့ အမေရိကန်နဲ့ ဉရောပတိုက်ရှိ တာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းနိုင်ငံသို့ ပထမအသုတ် F-16 ဂျက်တိုက်လေယာဉ်တွေ ဘယ်အချိန်မှာ ရောက်ရှိမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် ယူကရိန်းလေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ အနည်းဆုံး ၆ လ ကြာမြင့်မယ်လို့ သိရပါတယ်။

စစ်ပွဲမှာ အသာစီးရရှိရေး အနောက်နိုင်ငံတွေက ခေတ်မီ ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ ယူက ရိန်းနိုင်ငံက တောင်းဆိုခဲ့တာ ကြာပြီဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံဟာ မကြာသေးမီက လေကြောင်းပစ်ကူမပါဘဲ ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့ ရာ ရုရှားတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကို အလူးအလဲ ခံနေရပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေ အသုံးပြုနေတဲ့ ဆိုဗီယက်ခေတ် စစ်လက်နက်တွေဖြစ်တာကြောင့် ရုရှားဂျက်တိုက် လေယာဉ်တွေရဲ့ ဝေဟင်ခွင်းဒုံးကျည်တွေကို မခံနိုင်ဘူးဖြစ်နေပါတယ်။ “ခေတ်သစ်စစ်ပွဲမှာ လေကြောင်းစွမ်းပကားတွေမပါဘဲ အနိုင်မရနိုင်ပါဘူး” လို့ အမှတ် ၁၈ လေကြောင်းချီ တပ်မ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ယက်ဗ်ဂျင်ရာကီတက ပြောပါတယ်။

ယူကရိန်းပိုင်းလော့တွေကို လေ့ကျင့်မှုပေးပြီးရင် F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းသို့ အမြန်ဆုံး ပေးပို့မယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဒီသီတင်းပတ်အတွင်း နယ်သာလန်နဲ့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးတွေထံ စာတစ်စောင် ပေးပို့ခဲ့ပြီး ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ လွှဲပြောင်းပေး နိုင်ရေး တတိယနိုင်ငံတွေထံကနေ တောင်းဆိုမှုအားလုံး အတည်ပြုနိုင်ဖို့ လုပ်ဆောင်မယ်လို့ တရားဝင် ကတိပြု ခဲ့ပါတယ်။

ယူကရိန်း တိုက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးတာ ဒီလအတွင်း စတင်နေပြီလို့ ဒိန်းမတ် ကာကွယ် ရေးဝန်ကြီး ဂျက်ကော့အယ်လီမန်းဂျန်ဆင်က ပြောပါတယ်။ အနောက်ဉရောပ ၁၁ နိုင်ငံတွေဖြစ်တဲ့ နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ ဒိန်းမတ်၊ လူဇင်ဘတ်၊ နော် ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတွေက F-16 ဂျက်တိုက်လေယာဉ်တွေ ပျံသန်းနိုင်ရေး ယူကရိန်းပိုင်းလော့တွေကို လေ့ကျင့်ပေးဖို့ ဇူလိုင်လအတွင်း ကတိပြုခဲ့ပါတယ်။ ယူကရိန်းလေယာဉ်မှူးတွေဟာ F-16 ဂျက်တိုက်လေယာဉ် မောင်းနှင်နိုင်ဖို့ ၆ လကနေ ၈ လအထိ လေ့ ကျင့်ပေးဖို့ လိုအပ်တယ်လို့ တာဝန်ရှိသူတွေက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – Navy Times

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed