August 17, 2023 || Tongsan Media Group

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ခရစ်ယာန်အသိုက်အဝန်းတစ်ခုကို အစ္စလာမ်ဘာသာဝင်လူအုပ်ကြီးက ဝင်ရောက် ဖျက်ဆီးမှု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ပါတယ်။ အဲဒီခရစ်ယာန်အသိုက်အဝန်းထဲက လူ ၂ ယောက်ဟာ ကိုရန်ကျမ်းစာ ကို စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ဖျက်ဆီးခံရတာဖြစ်ပြီး လူနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတာပါ။ ပါကစ္စတန်ရဲတပ်ဖွဲ့က ဂျရန်ဝါလာဒေသက ခရစ်ယာန် ၂ ယောက်ကို ဘာသာရေးစော်ကားမှုနဲ့ စွပ်စွဲခဲ့ပြီး သူတို့ကိုလူအုပ်က တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ဒီအတွက် စွပ်စွဲခံရတဲ့ ခရစ်ယာန် ၂ ယောက်ဟာ မိသားစုတွေကိုခေါ်ပြီး လွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ရဲကပြောပါတယ်။ ပါကစ္စတန်ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းမှာတော့ ကိုရန်ကျမ်းစာအုပ်ပေါ်မှာ မလျော်ကန်တဲ့ မှတ်ချက် တွေကို မင်နီနဲ့ ရေးခြစ်ထားတာကို တွေ့ထားတယ်လို့ ဖော်ပြထားပါတယ်။ ခရစ်ယာန်အိမ်တွေနဲ့ ဘုရားကျောင်း တွေကိုဖျက်ဆီးခဲ့တဲ့ လူအုပ်ကြီးကို တဲရီးခ်အီးလဘိုက်ခ် ပါကစ္စတန် လို့ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံရေးပါတီ (TLP) ရဲ့ ဒေသခံဘာသာရေးဆရာတွေက ဦးဆောင်ခဲ့တယ်လို့ ပါကစ္စတန်အစိုးရ သတင်းရင်းမြစ်တစ်ခုကဖော်ပြခဲ့ပါ တယ်။

အဲဒီပြောဆိုမှုကို TLP ပါတီဘက်ကတော့ ပယ်ချထားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးစော်ကားမှုဟာ သေဒဏ်ထိုက်တဲ့ပြစ်မှုဖြစ်ပြီး လက်ရှိအချိန်ထိတော့ သေဒဏ်ပေးခံရသူမရှိသေးပါဘူး။ ဒါပေမဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေရဲ့လက်ချက်နဲ့ လူမြင်ကွင်းမှာ စွပ်စွဲခံရသူတွေ သတ်ဖြတ်ခံရတဲ့ သာဓကတွေ အများအပြား ရှိထားပါတယ်။ ပါကစ္စတန်အိမ်စောင့်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် အန်ဝါအူလ်ဟက်ခ်ကာကာ ကတော့ ဗုဒ္ဓဟုးနေ့က ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုအတွက် တာဝန်ရှိသူတွေကို ပြင်းထန်စွာ အရေးယူဖို့ တောင်းဆိုထားပါတယ်။

Source: One News & CNN

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed