August 19, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ နာမည်ကြီးပျုစောထီး ရွာဖြစ်သော အင်မထီးကျေးရွာမှ မိသားစုလေးဦးပါ ပျုစောထီး မိသားစုတစ်စု သည် ကျေးရွာအတွင်း စစ်ကောင်စီနှင့် အခြားပျူစောထီးများ၏ အကြမ်းဖက်မှုကြောင့် ယမန်နေ့ (ဩဂုတ် ၁၈ရက်) ညနေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ ထွက်ပြေးခိုလှုံလာခြင်းဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

” အင်းမထီး ကို ပျုစောထီးရွာလုပ်တာကို လက်မခံတဲ့ ဒေသခံတွေဆီ ချိတ်ပြီး ထွက်ပြေးလာတာပါ။ သူတို့ လုံခြုံရေးအတွက် စီမံနေကြပါတယ်”ဟု ဦးဇော်ထက်က ပြောသည်။ စစ်ကောင်စီကို တော်လှန်ရန် ရွာကို စွန့်ခွာခဲ့သော အင်မထီးရွာသား အချို့ထံ အဆိုပါ ပျုစောထီး မိသားစုက ချိတ်ဆက်ပြီး ထွက်ပြေးလာခြင်းဟု သိရသည်။ အင်မထီးရွာသည် အိမ်ခြေ ၅၀၀ခန့်ရှိ ပြီး စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် လူထုက လက်နက်ကိုင်တော်လှန်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်မထီးရွာထဲ၌ တပ်စွဲခဲ့သည်။

ထို့နောက်ပိုင်း တွင် ပျူစောထီးရွာအဖြစ် စည်းရုံးပြီး ဒေသခံတော်လှန်ရေးအင်အားစုများကို တိုက်ခိုက်‌စေခဲ့သည်။ ယခုအခါတွင် အဆိုပါ ကျေးရွာ၌ စစ်ကောင်စီရော ပျူစောထီးများပါ အင်းအားနည်းလာပြီဖြစ်ကြောင်း ပုလဲမြို့ခံများကပြောသည်။ယခုတစ်ကြိမ်သည် အင်မထီးရွာမှာ ပျူစောထီးမိသားစုလိုက် ထွက်ပြေးလာခြင်းသည် နှစ်ကြိမ်မြောက်ဖြစ်သည်။ ၂၀၂၂ ကတစ်ကြိမ် အင်မထီးရွာမှာ ပျူစောထီးမိသားစုတစ်စုထွက်ပြေးလာ၍ ထောက်ပံ့ကြေးပေးကာ ဘေးလွတ်ရာသို့ပို့ဆောင်ခဲ့ကြောင်း ကိုဇော်ထက်က ပြောသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed