September 23, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာအနီးတွင် ပြည်သူများကိုကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် ၂၂ ဦး ကျဆုံးခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။ ယမန်နေ့ ည ၈နာရီခန့်တွင် မြင်းမူမြို့နယ် ကြော့မင်းရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသောကြောင့် ပြည်သူများကို ကယ်ထုတ်ပေးနေရင်း ခြေရာတော်ရွာအနီး မြင်းမူ – မြောင်လမ်းပေါ်တွင် အလစ်အငိုက်ပစ်ခံခဲ့ရကာတော်လှန်ရေးရဲဘော် များနှင့် ပြည်သူများအပါအဝင် စုစုပေါင်း  ၂၅ ဦး သေဆုံးခဲ့ရသည်ဟု မြောင်မြို့နယ်ကာကွယ်ရေးရဲဘော် ၁ ဦးက ပြောသည်။

“သူတို့က ကာကွယ်ရေးအဖွဲ့တွေဆိုတော့ ပြည်သူကို ဘေးလွတ်ရာ ရှောင်တိမ်းဖို့ ကယ်ထုတ်နေကြတာဗျ။ အလစ်အငိုက်ဖြစ်သွားတာပါ ။ ဖြစ်ဖြစ်ချင်းမှာတော့ရန်သူဘက်က လက်ဦးမှုယူသွားတာပါ ။ အပြန်အလှန်ပစ်ခတ်မှုတော့ရှိခဲ့တယ်“ဟု ၎င်းက ဆိုသည်။ အဆိုပါဖြစ်စဥ်တွင် ကြော့မင်းရွာပြည်သူ့ကာကွယ်ရေးရဲဘော် ၁၅ ဦး၊ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်းက ရဲဘော်၅ ဦး၊ စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်းက ရဲဘော် ၂ ဦး အပြင် ပြည်သူ ၃ ဦး အသတ်ခံခဲ့ရပြီး အလောင်းများကိုထိတွေ့မှုဖြစ်ပွားရာ ကားလမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက ရှာတွေ့ခဲ့သည်ဟု သိရသည်။

သက်ဆိုင်ရာတပ်ရင်းများက လက်နက်လုံလောက်အောင် တပ်ဆင်မပေးနိုင်သောကြောင့် သက်ဆိုင်ရာ Local PDF အဖွဲ့များထံ ပြန်နေချိန် ခုလိုကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကာကွယ်ရေးရဲဘော် ၁ ဦးက ဆိုသည်။ “လက်လုပ် ၁ တောင့်ထိုးလေးတွေ ပါသွားတယ်ဗျ စစ်ကောင်စီဘက်က အင်အား၃၀ကျော်လေးတင်ပဲ။ လက်လုပ်တွေချည်းပဲရှိတာဆိုတော့ လက်နက်မမျှလို့ဖြစ်သွားတာ“ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှ အတွင်း PDF ၂၅ လောင်း၊ လက်လုပ်သေနတ်(အရှည်) ၈ လက်၊ လက်လုပ်သေနတ် (အတို) ၂လက်သိမ်းဆည်းရမိသည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မြောင်မြို့ပေါ်ရှိ ဘောလုံးကွင်းတွင် အထိုင်ချထားသည့်စစ်ကောင်စီတပ်ထံ ပြန်လည်ရောက်ရှိသွားပြီဟု သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed