August 22, 2023 || Tongsan Media Group ||

ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်သစ်အဖြစ် အိမ်ခြံမြေသူဌေးကြီး ဆရတ်သာ သာဗီဆင် ကပဲ မဲအလုံအလောက်ရရှိပြီး ရွေးချယ်ခံလိုက်ရပြီဖြစ်ပါတယ်။ သာဗီဆင်ဟာ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း စစ်တပ်နဲ့မပတ်သက်တဲ့ သာမန်အရပ်သားသူဌေး ဝန်ကြီးချုပ်ဖြစ်လာပေမယ့် ဒီမိုကရေစီအင်အားစုတွေက မဲအလုံအလောက်ရရှိဖို့ အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ရဲ့ပါတီနဲ့ ဒုအာဏာသိမ်းခေါင်းဆောင် ပရာဝစ်ရဲ့ ပါတီ ၂ ခုကို မဟာမိတ် ၁၁ ပါတီထဲထည့်ပေါင်းပြီး ဝန်ကြီးချုပ်ဖြစ်ရေး စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ၂၄၉ ယောက်ဆီက မဲတွေပါရသွားလို့ ဝေဖန်မှုတွေ များစွာ ရှိလာပါတယ်။

၁၁ ပါတီ မဟာမိတ်မဲအရေအတွက်က ၃၁၄ မဲရှိတာကြောင့် အထက်လွှတ်တော်အမတ် ၂၄၉ ယောက်ထဲက နောက်ထပ်အနည်းဆုံး မဲ ၆၀ ပေးလို့ ဖွေထိုင်းပါတီ အဆိုပြုတင်မြှောက်တဲ့ ဆရတ်သာသာဗီဆင်း ဝန်ကြီးချုပ်ဖြစ်လာခြင်းဖြစ်ပါတယ်။ ဖွေထိုင်းပါတီက အရင် ရန်သူတော်တွေဖြစ်ခဲ့တဲ့ စစ်တပ်ထောက်ခံပါတီတွေနဲ့ မဟာမိတ်ဖွဲ့လိုက်ရမှုဟာ နိုင်ငံရေး ပိတ်ပင်ဟန်တားမှုကို လမ်းဖွင့်ခြင်းနဲ့ ရင်ကြားစေ့ရေးကို အမြန်ဖန်တီးနိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်းရှင်းချက်ထုတ်ပြန်ခဲ့ ပါတယ်။

ဒီကနေပဲ ၁၅ နှစ်ကြာ ပြည်ပထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ ပါတီထူထောင် သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြည်တော်ပြန်ဝင်ပြီး ထောင်ဒဏ် ၈ နှစ်ကျခံလို့ ထောင်ထဲဝင်သွားရမှုဟာ ဖွေထိုင်းအစိုးရသစ်ဖွဲ့ပြီးရင် ပြစ်ဒဏ်လျော့ပေါ့ သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးမှာပဲဆိုတဲ့ ဝေဖန်မှုတွေဟာလည်း မဟုတ်မှန်ကြောင်း ရှင်းလင်းထုတ်ပြန်သွားပါတယ်။

Source: Burma Media Consortium

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed