ရခိုင်ပြည်နယ် ဘူးသီးတောင်ဒေသတစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို အာရက္ခတပ်တော် AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဘူးသီးတောင်မြို့နယ်ဟာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်အများဆုံး အထိုင်ချတပ်စွဲထားသလို အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်နဲ့ ဗျူဟာစခန်း အမြောက်အမြား တည်ရှိနေပြီး လက်ရှိမှာ AA က ဒေသတစ်ခုလုံးကို အပြီးပိုင် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်တပ်အခြေစိုက် စခန်းအားလုံးကို သိမ်းပိုက်လိုက်တာပါ။ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး မွတ်ဆလင်လူမျိုးတွေကို ခုခံတိုက်ခိုက်ခိုင်းထားခဲ့ပေမယ့် ရခိုင့်တပ်တော်ကပဲ အပြီးသတ် တိုက်ခိုက်နိုင်ခဲ့ပါတယ်” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အာရက္ခတပ်တော် AA ဟာ ဘူးသီးတောင်အခြေစိုက် ခမရ ၅၂၂ တပ်ရင်းကို ပြီးခဲ့တဲ့ မတ်လ ၂၅ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရင်းတွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်သိမ်းပိုက်လာခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက ခမရ ၅၅၂၊ ခမရ ၅၆၄၊ ခမရ ၅၆၅၊ ခမရ ၅၅၁၊ ခမရ ၅၃၅၊ ခမရ ၃၅၃၊ ခမရ ၂၆၃၊ ခမရ ၂၃၃၊ အမတ ၃၇၈၊ ခမရ ၂၃၄၊ ခမရ ၃၄၅၊ ခမရ ၃၅၂၊ ထောက်ပို့တပ်၊ GE တပ်တွေနဲ့ အထိုင်ချ စစ်တပ်စခန်းအားလုံးကို မေလ ၁၈ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး မေလ ၂ဝ ရက်မှာ အပြီးသတ် ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed