July 27, 2023 || Tongsan Media Group ||

ဇူလိုင် ၂၆ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကန်ချောင်းရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေးဦး သေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စစ်ကောင်စီဘက်က ဆယ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီ ဇူလိုင်လ ၂၄ ရက်နေ့မှာပဲ ချင်းပြည်နယ်၊ လဲပုံးလမ်းခွဲအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဆယ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ တိုက်ပွဲအတွင်း ကျဆုံးမှုတွေ များပြားနေသလို တပ်ကို စွန့်ခွာလာတာမျိုး CDM ပြုလုပ်လာတာ အများအပြားရှိနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။ “CDM ပြုလုပ်လာတာကတော့ တပ်အစုံပါပဲ၊ အင်ဂျင်နီယာတပ်တို့လည်းပါတယ်။ တပ်လျင်ခြေမြန်တပ်တို့၊ တပ်မဟာဌာနချုပ်တို့၊ လက်ရုန်းတပ်တို့ တော်တော်လေးစုံပါတယ်။ ကသာဘက်အခြမ်းတွေမှာလည်း ရှိတယ်။

တနင်္သာရီဘက်တွေမှာလည်း ကရင်နီဘက်တွေမှာဆိုရင်လည်း အင်အားအလုံးအရင်းကို CDM ပြုလုပ်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်” NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က လက်ရှိ စစ်ကောင်စီတပ်သား သေဆုံးစာရင်းတွေကို စစ်မြေပြင်က တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ သတင်းအချက်အလက်နဲ့ အခြားသော သတင်းကွန်ရက်တွေက ပေးပို့လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ် တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၃၊ ၅၊ ၈၊ ၁၃) တပ်ရင်း၊ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ ဆော PDF (YRPA)၊ YDF Saw ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိခိုက် မရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်၊ ကန်ပက်လက်တိုက်ပွဲမှာတော့ PDF၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း – ၆ နဲ့ CDF ကန်ပက်လက် ခေါနုတပ်ခွဲပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ငါးဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုတွေ၊ CDM ပြုလုပ်တာတွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်း၊ ချင်းပြည်နယ်တို့က ပြောရေးဆိုခွင့်ရှိသူတွေဆီကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။ ဇူလိုင် ၂၄ ရက်နဲ့ ၂၆ ရက်အတွင်း စစ်ကောင်စီ တပ်သား ၂၄ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

Source: People’s Spring

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed