ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို စစ်ကူလာတဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာ စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ (၂၀) ရက်နေ့မှာ မင်းပြားမြို့ကို စစ်ကူတက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က ဖြတ်တောက် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က အလောင်းများနဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က Y8 လေယာဉ်ပေါ်ကနေ ချပေးတဲ့ ထောက်ပို့ပစ္စည်းများကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
‘၁၀၂၇ စစ်ဆင်ရေး’စစ်ဆင်ရေးနဲ့အတူ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၃ ရက်ကစလို့ တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေရာ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲမြို့တို့မှာ AA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေပြီး မြို့အားလုံးမှာ AA က အသာစီးရရှိနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်များဆီက သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed