July 25, 2023 || Tongsan Media Group ||

မဏိပူရ်ပြည်နယ်တွင်း လူမျိုးရေးအဓိကရုဏ်းကြောင့် ဒုက္ခခံစားနေကြရသော ကူကီ – ဇိုမီးအနွယ်၀င် လူနည်းစုတောင်တန်း များနှင့်အတူ ထပ်တူခံစားပြီး ၎င်းတို့နှင့်အတူရပ်တည်ကြောင်း မီဇိုရမ်ပြည်တစ်ပြည်နယ်လုံးတွင် ယနေ့ ဆန္ဒဖော်ထုတ်ပြသ ခဲ့ကြ သည်။

အဆိုပါ ချီတက်ဆန္ဒဖော်ထုတ်မှုကို မီဇိုရမ်ပြည်နယ်က အင်အားကြီးသောအရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်သည့် Central Young Mizo Asso ciation(CYMA), Mizo Upa Pawl(MUP), Mizo Hmeichhia Insuihkhawm Pawl(MHIP), Mizo Zirlai Pawl(MZP), Mizo Student Union (MSU) စသည့် ၅ ဖွဲ့ဖြင့်စုဖွဲ့ထားသော NGO Co-ordination Committee က ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး အိုင်ဇောလ်မြို့အပြင် မီဇိုရမ်ပြည်တ၀န်းလုံးက မြို့ကြီးများတွင်လည်း သိန်းနှင့်ချီသော မီဇိုးပြည် သူများက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ဆန္ဒဖော်ထုတ်မှုကို အဓိကဦးဆောင်သော Central Young Mizo Asso ciation(CYMA) ဉက္ကဌ R.Lalngheta က “ မဏိပူရ်ပြည်နယ်က မိမိတို့ညီအကိုတွေရဲ့ ဒုက္ခခံစားမှုဟာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး မီဇိုးပြည်သူအားလုံး ရဲ့ စိတ်နှလုံးလည်း နာကျင်ရခံစားရတယ်၊ မဏိပူရ်အစိုးရဟာ မိမိတို့ညီအကိုတွေရဲ့ လုံခြုံရေးကို မကာကွယ်နိုင်ဘူး၊ သူတို့ ရဲ့ အိုးအိမ်တွေ၊ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခံရသလို သတ်ဖြတ်ခံရမှုတွေ၊ အမျိုးသမီးတွေအ၀တ်ဗလာ ကိုယ်လုံး တီးနဲ့ ဖမ်းဆီးခေါ်ဆောင် မုဒိမ်းကျင့်သတ်ဖြတ်မှုအထိကြုံရတဲ့အပေါ်မှာ မိမိတို့အနေနဲ့ ဘယ်လိုမှ နားလည်လက်ခံလို့မ ရဘူး’’ ဟု ပြောဆိုသည်။

“မဏိပူရ်မှာဖြစ်ပျက်နေတဲ့ဖြစ်စဉ်တွေဟာ မီဇိုးပြည်သူတွေက ဒီတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူး၊ ဒီပြသာနာကို အိန္ဒိယ အစိုးရအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းဖို့ အလေးအနက်တောင်းဆိုပါတယ်” ဟု R.Lalngheta ကပြောသည်။ မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့တွင် ယနေ့ပြုလုပ်သော လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်မှုကို မနက်ပိုင်း ၁၁ နာရီကစ၍ Chanmari လမ်းဆုံ နှင့် Kulikawn တို့မှ အဖွဲ့နှစ်ဖွဲ့ခွဲစတင်ခဲ့ကြပြီး မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်ယာ (RAJ BHAVAN) မြောက်ဘက် ဂိတ်ပေါက်၀အနီးတွင် ဆုံကြပြီးနောက် ဟောပြောပွဲများပြုလုပ်ကာအဆုံးသတ်ခဲ့ကြသည်။

ယနေ့ဆန္ဒဖော်ထုတ်မှုတွင် မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးဇိုးရမ်းထန်းငါ၊ လွှတ်တော်ဉက္ကဌ အပါအ၀င် ၀န်ကြီးများ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီများအပါအ၀င် ပြည်သူ တစ်သိန်းကျော်ပူးပေါင်းပါ၀င်ခဲ့ကြသည်။ မဏိပူရ်ပြည်နယ်တွင် လူများစုဖြစ်သော ကသည်း (Meitei) လူမျိုးများသည် လူနည်းစုတောင်တန်း သားများ အတွက် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ မှာပြဌာန်းထားသော (Scheduled Tribe) မှာ ပါဝင်နိုင်ရန် ကာလကြာရှည်တောင်းဆိုလာခဲ့ရာ မှ ယခုကဲ့သို့ပဋိပက္ခများစတင်လာခဲ့ခြင်းဖြစ်သည်။

ယင်းတောင်းဆိုမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မေလ ၃ ရက်နေ့က မဏိပူရ်ပြည်နယ် Churachanpur မြို့တွင် ချင်း-ကူကီးအနွယ်ဝင်တောင်တန်းသားများက စည်းလုံးညီညွတ်ရေးချီတက်ပွဲ “Solidarity March” ဆန္ဒပြပွဲပြုလုပ်ခဲ့ကြ သည့်အပြီးတွင် ကသည်းလူမျိုးနှင့် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများအကြား ပဋိပက္ခများစတင်ဖြစ်ပွားလာခဲ့ ကြခြင်းဖြစ်သည်။

အဆိုပါအဓိကရုဏ်းအတွင်းမှာ ခရစ်ဘာသာဝင်များ၏ ဘုရာကျောင်း ၂၅၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီဟု Indigenous Tribal Leaders’ Forum (ITLF) က ပြောဆိုသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတွင် ကူကီး – ဇိုမီး အမျိုးသမီး ၂ ဉီးကို ကသည်းလူအုပ်ကြီးက ဖမ်းဆီးကာ အ၀◌တ်ဗလာ ကိုယ်လုံးတီးဖြင့် ဖမ်းဆီးခေါ်ဆောင်သည့် တုန်လှုပ်ချောက်ချားဖွယ်ရာရုပ်သံ ပြန့်နှံ့လာခဲ့သည်။

အိန္ဒိယသတင်းဌာနများ၏ ဖော်ပြချက်အရ ယင်းဖြစ်ရပ်သည် မဏိပူရ်ပြည်နယ်တွင် အဓိကရုဏ်းစတင် ဖြစ်ပွားခါက မေလ ၄ ရက်နေ့က မဏိပူရ်ပြည်နယ် Kangpokpi ခရိုင် B Phainom ကျေးရွာတွင် ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီးတို့မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည်ဟုသိရသည်။ အဆိုပါရုပ်သံတွင် ကသည်းလူအုပ်ကြီးက အ၀တ်ဗလာ ကိုယ်လုံးတီးဖြင့် ကူကီး- ဇိုမီး အမျိုးသမီး၂ ဉီးကို ဖမ်းဆီးခေါ် ဆောင်လာြပီးနောက် လယ်ကွင်းပြင်ထဲသို့ခေါ်ဆောင်ကြသည်ကို တွေ့မြင်ရသည်။

ယင်းဖြစ်စဉ်ကို မဏိပူရ်ပြည်နယ်ရဲစခန်းတွင် အမှုတိုင်ချက်ဖွင့်ခဲ့သော်လည်း ၂ လ ကျော်လာသည် အထိ ဘာအရေးယူ ဆောင်ရွက်မှုမှမရှိခဲ့ပေ။ ယခု လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အဆိုပါရုပ်သံ ထွက်ပေါ်လာမှ အလွန်တုန်လှုပ် ချောက်ချားဖွယ် အကျည်းတန်ဖြစ်ရပ်ဆိုးကြီးကို ကမ္ဘာက သိရှိလာခဲ့ရကြခြင်းဖြစ်သည်။

Source: The Hills Journal

Translated: Tongsan Media Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed