ချင်းပြည်နယ် မတူပီမြို့က စစ်ကောင်စီ ခမရ (၃၀၄) တပ်ရင်းကို မနေ့ဇွန်လ (၁၇) ရက်နေ့မှာ သိမ်းယူနိုင်ပြီး ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့တကွ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့ မဟာမိတ်ဖွဲ့ထားတဲ့ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဇွန်လ(၁၈) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) က ဖော်ဆောင်လျက်ရှိတဲ့ တိုက်ပွဲမှာ မဟာမိတ်အာရက္ခတပ်တော် (AA) ၊ Yaw Army (YA) တွေနဲ့ တခြားမဟာမိတ်တပ်ဖွဲ့တပ်တွေ ပူးပေါင်းပြီး ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေ နဲ့ အထိုင်ဗျူဟာ ကို အင်အားအလုံးရင်းနဲ့ တိုက်ခိုက်ခဲ့ရာ ဇွန်လ (၁၇) ရက်နေ့မှာ ခမရ (၃၀၄) တပ််ရင်းကို အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို ချင်းညီနောင်ဘက်ကလည်း ထိခိုက်ဒဏ်ရာရ ကျဆုံးတဲ့ ရဲဘော်တစ်ချို့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်