ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေးလူကျေးရွာ မနေ့ည ၇ နာရီပတ်ဝန်းကျင် စစ်ကောင်စီ က တိုက်ပွဲဖြစ်ခြင်းမရှိပဲ ရည်ရွယ်ချက်ရှိရှိ ပြည်သူကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ကလေးငယ်များ ၈ ဦး အထိ သေဆုံးတယ်လို့သိရပါတယ်။ စစ်ကောင်စီရဲ့ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဝေးလူကျေးရွာအတွင်းရှိ လူနေအိမ် ၁၈ အိမ်ပျက်ဆီး ဆုံးရှုံးပြီး စာသင်ဆောင် ၂ ဆောင်နဲ့ ဘုရားကျောင်း ၂ ပျက်ဆီးဆုံးရှုံးတယ်လို့သိရပါတယ်။ “ဒဏ်ရာရတဲ့လူဦးရေများတော့ သေဆုံးတဲ့ဦးရေက ဒီထက်ထပ်တိုးလာနိုင်တယ်လို့ ယူဆထားပါတယ်” ဟု ပြောသည်။

ပညာရေး CDM ဆရာ ဦးဟာလောင်းဟာ ကလေးများ ညစာကျက်ဝိုင်းသင်ကြားပေးနေချိန် တွင် လေယာဉ်ဖြင့် ဗုံးကြဲခံရတာဖြစ်ပြီး၊ သေဆုံးသူများထဲတွင် ဦးအွမ်စာ (၆၅ နှစ်)၊ ဦးသဲမ်နိုင် (၃၅ နှစ်) ၊ ဦးဟာလောင်း (၃၄ နှစ်)၊ မောင်ရှာမွေလ (၁၂ နှစ်)၊ မောင်ကီနွန် (၉ နှစ်)၊ မောင်ညဏ်ဝင်းအောင် (၇ နှစ်)၊ မလီလီမိုး (၅ နှစ်)၊ မောင်ထန်ဟုန်း (၁၁ နှစ်)၊ မခိုင်ဇသင် (၁၁ နှစ်)၊ မဆန်းဆန်း (၇ နှစ်)နှင့် မောင်ဘွေကုန်း (၇ နှစ်) တို့ပါဝင်ပါတယ်။ နောက်ဆုံး ရရှိထားသော သတင်းများအရ ဒဏ်ရာ ရရှိသူပေါင်း အမျိုးသမီး ၄ ဦးရှိပြီး ထိုထဲတွင် ဒေါ်ခေးချဲန်း၊ ဒေါ်နှီးချောမ်၊ ဒေါ်ပါမ်ဆောမ်နှင့် မလဲန်ကွီတို့ပါဝင်ကြောင်း သတင်း ရရှိပါတယ်။

ဝေးလူရွာ ပျက်ဆီးဆုံးရှုံးမှုတွင် စာသင်ကျောင်းနဲ့ အနီးပတ်ဝန်းကျင်တွေကို ပိုပြီး ပျက်ဆီးဆုံးရှုံးတယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသူများလည်း ရှိပြီး သေဆုံးသူ ဦးရေလည်း တိုးလာနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဝေလူးကျေးရွာသည် ချင်းပြည်နယ်တောင်ပိုင်းရှိ မတူပီမြို့နှင့် မိုင် ၅၀ ခန့်အကွာ မတူပီ – ပလက်ဝမြို့နယ်ကြား တွင်တည်ရှိပြီး၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၈၀ ဝန်းကျင်နှင့် လူဦးရေ ၅၀၀ ဦးဝန်းကျင် နေထိုင်သည့် ကျေးရွာဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် အဆိုပါ ဝေလူးကျေးရွာတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ နေထိုင် ခြင်းမရှိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း တပ်စွဲထားခြင်းမရှိသည့်ကျေးရွာဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နယ်မြေဖြစ်သည်ဟု ဒေသခံအမျိုးသားက Tongsan Media ကို ပြောသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed