ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကမတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း အပါအဝင် တပ်စခန်း ၈ ခုအားအပြီးသတ်သိမ်းပိုက်ထားပြီဖြစ်​ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

စခန်းသိမ်းတိုက်ပွဲများမှ လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ​ကြောင်း ဓါတ်ပုံနှင့်တကွ​ဖော်ပြထားသည်။ စစ်တပ်စခန်း ၈ ခုသိမ်းပိုက်စဥ် စစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားလျက်ရှိသည်။ ထို့အပြင် တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိ​ကြောင်း ဇူလိုင် ၂ ရက်တွင်အသိ​ပေးထုတ်ပြန်သည်။

မန္တ​​လေး PDF သိမ်းပိုက်ထား​သောစခန်းများမှာ မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများ ဖြစ်သည်။

မန္တ​လေး PDF က စစ်​ကောင်စီတပ်၏ ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကို သိမ်းပိုက်နိုင်​ကြောင်း ဇွန် ၂၆ ရက်ခန့်ကတည်းကသတင်းထွက်​​ပေါ်​နေ​​သော်လည်း ယခုမှတရားဝင်အတည်ပြုထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
“တပ်စခန်းအချို့ ကျန်ဦးမယ်။ ကျွန်တော်တို့ ဆက်လက် ထိုးစစ်ဆင်နေဆဲပါ။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စတင်တဲ့ရက်ကနေ မနေ့ကအထိပါ။ ကျွန်တော်တို့ဘက်ကလည်း ပေးဆပ်မှုအချို့ ရှိခဲ့ပါတယ်”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

မန္တ​လေး PDF သည် “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”နှင့်အတူဟန်ချက်ညီစွာဖြင့် နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်​ကောင်စီတပ်စခန်းများကိုတိုက်ခိုက်​နေခြင်းဖြစ်သည်။ မတ္တရာမြို့နယ အတွင်း ရှိ စစ်ဆင်ရေးများတွင် မန္တလေးPDF နှင့်အတူ ဒေသခံကာကွယ်​ရေးတပ်ဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိ​ကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ​ကြောင်းလည်း ထုတ်ပြန်သည်။ “တပ်စခန်းအချို့ ကျန်ဦးမယ်။ ကျွန်တော်တို့ ဆက်လက် ထိုးစစ်ဆင်နေဆဲပါ။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စတင်တဲ့ရက်ကနေ မနေ့ကအထိပါ။ ကျွန်တော်တို့ဘက်ကလည်း ပေးဆပ်မှုအချို့ ရှိခဲ့ပါတယ်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

Hits: 1

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်