မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Hlimen ရွာနဲ့ Melthum ရွာကြားအပါအဝင် အခြားနေရာတွေမှာ မေလ ၂၈ ရက်က မြေပြိုမှုတွေဖြစ်တာကြောင့် လူပေါင်း ၃၀ ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။ မီဇိုရမ် အစိုးရရဲ့ ဖော်ပြချက်အရ Hlimen ရွာ နဲ့ Melthum ရွာကြား ကျောက်ထုတ်တဲ့ နေရာ မြေပြိုမှုကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ကာ ညနေပိုင်းအထိ အလောင်း ၁၃ လောင်းဖော်ထုတ်နိုင်ခဲ့ကာ ၉ ဦးကို ဆက်လက်ရှာဖွယ် နေဆဲလို့ဆိုပါတယ်။

အလောင်းရရှိတဲ့ ၁၃ ဦးအနက် ၉ ဦးက မီဇိုးလူမျိုးတွေဖြစ်ကြပြီး ၄ ဦးက အိန္ဒိယပြည်မသားတွေဖြစ်တယ်လို့သိရပါတယ်။ Hlimen ရွာမှာ မြေပြိုမှုတစ်ခုအတွင်း မိသားစု နှစ်စု မြေပြိုတဲ့ထဲပါသွားပြီး ၎င်းတို့အနက် ၆ ဦးရဲ့ အလောင်းကို တွေ့ရှိပြီဖြစ်ကာ ၂ ဦးရဲ့အလောင်းကို ဆက်လက်ရှာဖွယ်ဆဲဖြစ်ပါတယ်။ အလောင်းတွေ့ရှိတဲ့ ၆ ဦးက မီဇိုး ၂ ဦးနဲ့ အခြားပြည်နယ်သား ၄ ဦးတို့ဖြစ်ပါတယ်။

အလားတူ အိုင်ဇော်အနီး Falkawn ရွာနဲ့ အိုင်ဇောလ်မြို့ Salem ရပ်ကွက်တွေမှာ မြေပြိုမှုဖြစ်တာကြောင့် လူ ၇ ဦး သေဆုံးကာ ၅ ဦးရဲ့ အလောင်းကိုဖော်ထုတ်နိုင်ပြီး ကျန် ၂ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့သိရပါ တယ်။
မီဇိုရမ်အစိုးရကတော့ ယခုလိုမြေပြိုမှုကြောင့်သေဆုံးသူ များကို ရူပီး လေးသိန်းဆီပေးအပ်သွားမယ်လို့ဆို ပါတယ်။ ယခုသတင်းရေးသားနေချိန်တွင်ပင် အိုင်ဇောလ်နဲ့ အနီးတစ်ဝိုက်မှာ မြေပြိုမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အသေအပျောက်တွေလည်း ဆက်ရှိနေတယ်လို့သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed