စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာတွင် အကြမ်းဖက် စစ်တပ်က ကြံ့ဖွတ်ပါတီဝင်အချို့ အပါအဝင် ပြည်သူ ၃၁ ဦးကို အစုလိုက်အပြုံလိုက် ပစ်ခတ် သတ်ဖြတ်ပြီး အမျိုးသမီး ၂၀ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်သည်။ ယနေ့ မေလ ၁၁ ရက် နံနက် ၅ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ဗုံးအလုံး ၃၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ မြေပြင်မှ အင်အား ၇၀ ဖြင့် ဝင်ရောက်လာပြီး နေအိမ်များအား မီးရှိ ဖျက်ဆီးခဲ့ ကြောင်း၊ ထို့ပြင် ဘုန်းကြီးကျောင်းအတွင်း တိမ်းရှောင်နေသော ရွာသား ၂၄ ဦးနှင့် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
 
အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော ပြည်သူ ၁၀ ဦးကို ဆေးရုံသို့ ပိုဆောင်ခဲ့ရာ လမ်းတွင် ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများ ထဲတွင် စစ်တပ်ကို ထောက်ခံအားပေးသော ကြံ့ဖွတ် ပါတီဝင် အချို့လည်း ပါဝင်ကြောင်း သိရသည်။ နံနက် ၈ နာရီခွဲခန့်တွင် လူသတ်၊ မီးရှို့ခဲ့သည့် အကြမ်းဖက် စစ်သားများသည် လက် ထုတ္တောကျေးရွာမှ ရေပိုးစားကျေးရွာဘက်သို့ ထွက်ခွာသွားပြီး ကျေးရွာအတွင်းမှ အမျိုးသမီး ပြည်သူ ၂၀ ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
 
အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်သည့် စစ်တပ်မှာ မြင်းမူမြို့နယ်၊ ဂွေး ပင်တောရွာ ဘုန်းကြီးကျောင်း တွင် အခြေချနေသော အမှတ်-၁၃ ခြေမြန်တပ်ရင်း (ခမရ-၁၃) ၊ အမှတ် -၉၀၉ စစ်မြေပြင် အင်ဂျင်နီ ယာတပ်ရင်း (စအရ-၉၀၉) ၊ စစ်မှုထမ်းဟောင်းများဖြင့် ဖွဲစည်းထားသော လှုပ်ရှားတပ်ဖွဲ့၊ ပျူစောထီး ပူးပေါင်းအင်အား ၄၀ ခန့်နှင့် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာမှ အမှတ်-၉၂၉ ထောက်ပံ့ နှင့် ဆက်သွယ်ရေးတပ်ရင်း (ထပရ-၉၂၉) ပူးပေါင်း အင်အား ၃၀ ခန့် တို့ဖြစ်ကြောင်း သိရသည်။
 
 

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed