July 28, 2023 || Tongsan Media Group ||

မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁၅ ရက်ကနေ ၂၀ ရက် (၅ ရက်တာ) အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၆,၀၀၀ ကျော်ရှိ တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၁၅ ရက်ကနေ ၂၀ ရက်အတွင်း ထွက်ပြေးရတဲ့ ပြည်သူ ၆,၀၀၀ ကျော်ဟာ ပဲခူးတိုင်းအရှေ့ပိုင်း ၊တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မြင့်တက်နေသလို၊ အနောက်မြောက်ပိုင်းမှာ ပြင်းထန်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မကြာခဏဖြစ်ပွားနေတယ်လို့ UNOCHA က ဆိုပါတယ်။အခုလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ပြည်နယ်တွေမှာ မိုးကြီးရေလျှံပြီး လေပြင်းမုန်တိုင်းတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေ ပိုမိုခက်ခဲနေတယ်လို့လည်းပြောပါတယ်။

ဒီလိုရာသီဥတုအခြေအနေတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက မြို့နယ်အများစုမှာ နေရပ်စွန့်ခွာသူတွေ အပါအဝင် လူ ၄၀၀ ကျော်ဟာ ယာယီခိုလှုံရာနေရာတွေဆီ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသလို ကလေးငယ် ၄ ဦးလည်း ရေနစ်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မလုံခြုံမှုတွေနဲ့ ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၆ သန်းနီးပါးရှိလာပြီလို့ UNOCHA ကဖော်ပြပါတယ်။

Source: People’s Spring

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed