August 16, 2023 || Tongsan Media Group ||

ကရင်ပြည်နယ် မြဝတီမြို့နယ် လက်ခတ်တောင်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ခုခံတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး လက် နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိရှိပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်၂ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကာ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Cobra Column စစ်ကြောင်း ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီခန့်စတင်၍ မြဝတီမြို့မှ လက်ခတ်တောင်ကုန်း ဘက်သို့ စစ်တပ်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုဖြင့်ပါ ပူးပေါင်းပြီး စစ် ကြောင်းထိုးဝင်ရောက်လာကြောင်း၊ စစ်ကောင်စီတပ်သားများကို ကော်ဘရာစစ်ကြောင်းနှင့် ပူး ပေါင်းအဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းတိုက်ပွဲအတွင်းသို့ စစ်ကောင်စီ စစ်တပ်က လက်နက်ကြီး အချက်ရေ ၃၀၀ ကျော် တိုက်လေယာဉ် ဖြင့် ၃ ကြိမ်၊ Mi-35 (Attack-Helicopter) ရဟတ်ယာဉ် ဖြင့် ၃ ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာ စစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်သားများအသုံးပြုသော 60 mm ကွန်မန်ဒိုပြောင်း ၁ လက်၊ MA sniper ၁ လက်၊ MA4 ၂ လက်၊ MA3 ၃ လက်၊ MA2 ၄ လက်၊ MA1 ၁ လက်၊ M16 ၁ လက်၊ MA ကျည်ဘောက် ၅၃ ခု၊ MA2 ကျည်ဘောက်အဝိုင်း ၄ ခု၊ M16 ကျည်ဘောက် ၂ ခု၊ 5.56 ကပစကျည် ၅၂၀၀ တောင့်၊ 7.62 NATO ကျည် ၂၆၅၀ တောင့်၊ MA sniper ကျည်ဘောက် ၁ ခု၊ 60mm ဗုံးသီး ၃၆ လုံး၊ RPG ဗုံးသီး ၉ လုံး၊ RPG ပို့ယမ်း ၈ ခု၊ 40 mmဗုံးသီး ၅၇ လုံး၊ ငါးကြင်းမြှီးပြောင်း ၂ ပြောင်း၊ ဆက် သွယ်ရေးစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed