ယူကရိန်း လေတပ်အတွက် F 16 တိုက်လေယာဥ် အနည်းဆုံး ၂၄ စင်းအထိ ပေးပို့ဖို့ အသင့်ဖြစ်နေပြီလို့ နယ်သာလန် ကာကွယ်ရေးဝန်ကြီး ခိုင်ဇာ အိုလောန်ဂရမ်က ဖေဖော်ဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။ ပထမအသုတ်အနေနဲ့ မူလက ၁၈ စင်းပေးပို့ဖို့ စီစဥ်ထားပေမဲ့ နောက်ထပ် ၆ စင်း အပိုထပ်ပေးလို့ ရတဲ့အတွက် အနည်းဆုံး ၂၄ စင်း အသင့်ရှိနေပြီလို့ အိုလောန်ဂရန်က ဆိုပါတယ်။ ရုရှား ကျူးကျော်စစ်ကို တွန်းလှန်နိုင်ဖို့ဆိုရင် ယူကရိန်းလေတပ်မှာ လုံလောက်တဲ့ တိုက်လေယာဥ်တွေ ရှိဖို့ အရေးကြီးတဲ့အတွက် နောက်ထပ် အပို ၆ စင်း ထပ်ပို့ပေးမှာလို့ နယ်သာလန် ကာကွယ် ရေးဝန်ကြီးက ပြောပါတယ်။

ဒတ်ချ် တော်ဝင်လေတပ်ကို အမေရိကန်လုပ် F 35 တိုက်လေယာဥ်တွေနဲ့ အစားထိုးထားနေတာဖြစ်လို့ လက်ရှိ အသုံးပြုနေတဲ့ F 16 တိုက်လေယာဥ်တွေကို ပြန်လည်ရောင်းချဖို့ နယ်သာလန် အစိုးရက ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ရုရှား ကျူးကျော်စစ် ဖြစ်ချိန်မှာတော့ ပြန်လည်ရောင်းချဖို့ အစီအစဥ်တွေကို ဆိုင်းငံ့လိုက်ပြီး ရောင်းချမဲ့ လေယာဥ်တွေကို ယူကရိန်းကို ပေးပို့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်းကာကွယ်ရေးဝန်ကြီးက ကျေးဇူးတင်ကြောင်းပြောကြားပြီး ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုးဂူကတော့ F 16 တိုက်လေယာဥ်တွေကို ရုရှား လေကြောင်းရန် ကာ ကွယ်ရေးတပ်တွေက တလအတွင်း ပစ်ချနိုင်မှာဖြစ်လို့ အထူးစစ်ဆင်ရေး ရလဒ်တွေကို ပြောင်းလဲစေမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed